Part 5
678 19 0
Zawgyi
နောင်​ဆက်​နှင့်​ ​မောင်​လင်း
စခန်းကို​ရောက်​လာသည်​နှင့်
တစ်​​ယောက်​၏ စားပွဲ​ရှေ့၌
သွားထိုင်​လိုက်​သည်
"စခန်းမှူးလားဗျ...."
အလုပ်​လုပ်​​နေ​သောရဲက
ပြန်​ကြည့်​လိုက်​ရင်း
ဘောပင်​ကိုချလိုက်​ကာ
"မဟုတ်​ပါဘူး...ဘာကူညီ​ပေးရမလဲ..."
မောင်​လင်းက ​နောင်​ဆက်​ကို
မော့ကြည့်​လာ​တော့ ​နောင်​ဆက်
ခေါင်းငြိမ့်​ပြလိုက်​ပြီး
"ကျွန်​​တော်​ ​နေနိုင်​ရဲ့ အစ်​ကိုပါ....
ကျွန်​​တော့်​ညီဘာများလုပ်​မိသလဲ..."
ထို​တော့မှ ရဲက ရွဲ့ရယ်​လိုက်​ကာ
"ဪ... မုဒိန်း​ကောင်​ရဲ့အစ်​ကိုကိုး..."
နောင်​ဆက်​မျက်​ခုံးများတွန့်​ချိုးသွားသည်​...
မုဒိန်း​ကောင်​ဆိုတာ ဘာ​ပြောတာပါလဲ..
နေနိုင်​​လောက်​ ရိုးတာ ​နေနိုင်​ပဲရှိသည်​...
ဒါကိုကမ္ဘာကြီးနှစ်​ခြမ်းကွဲပြီး
နေလုံးကြီးခဲသွား​တောင်
နေနိုင်​ မုဒိန်းမှုကျူးလွန်​ဖို့ဆိုသည်​မှာ
မဖြစ်​နိုင်​​ချေ...
"​ပြောစရာရှိတာကို တိုက်​ရိုက်​​ပြောတာ
ကောင်းမယ်​ထင်​တယ်​...
ကျွန်​​တော့်​ညီက ဘာလုပ်​မိသလဲ..."
"ဟင်း...ဒီ ​ဖောင်​ကိုဖြည့်​​ပေးပါ...
နောက်​တစ်​ပတ်​ကျရင်​ ​တရားခံရဲ့
ရုံးချိန်းရှိတယ်​...ရုံး​တော်​က
မနက်​ဖြန်​စာပို့ပါလိမ့်​မယ်​..."
ရဲက စာရွက်​တစ်​ခုကို တွန်း​ပေးပြီး
သူ့အလုပ်​ကိုပြန်​လုပ်​​နေ​တော့
နောင်​ဆက်​ နားမလည်​စွာ
မတ်​တပ်​ထရပ်​လိုက်​ပြီး
"ကျွန်​​တော်​ ​နေနိုင်​နဲ့​တွေ့ချင်​တယ်​..."
ရဲက ​မော့ကြည့်​ပြီး သူပါမတ်​တပ်​ရပ်​လိုက်​ကာ
"ခဏ​စောင့်​...စခန်းမှူးကိုသွား​မေး​ပေးမယ်​..."
ရဲကထသွား​တော့ ​မောင်​လင်းက
နောင်​ဆက်​ကို​မော့ကြည့်​လျက်