Zawgyi
"အဟမ်း....ဆိုင်ရှင်..ထန်းရည်နောက်တစ်အိုးလောက်ဗျ..."
သက်မိုးယံမှ အစပြု၍ ခေါ်လိုက်ရာ
ဆိုင်ရှင်ထံမှ စကားပြန်မလာခဲ့။ထွန်းသာစိတ်ထဲ စနိုးစနောင့်ဖြစ်သွားသည်....။
တစ်ခုခုမဟုတ်တော့ပါ...။
သို့သော် ထွန်းသာပိုထူးဆန်းသွားသည်က ဘေး၌ထိုင်နေသော ဆရာသက်မိုးယံ၏ မျက်ခုံးတန်းနှစ်ခုမှာလည်း ရုတ်ချည်းကွေးကျသွားသည်။
ဒီလူလည်း ခံစားမိနေတာလား...။
သက်မိုးယံက ဘာမှမဟုတ်သလို
ဆတ်သားခြောက်ကိုပြန်စားနေသည်။ထွန်းသာက ထူးဆန်းစိတ်ဖြင့်ထရပ်တော့ သက်မိုးယံကမော့ကြည့်သည်။
"ဘာလို့လဲ...ညီ..."
ဘာလို့များ ထိုလူဟန်ဆောင်မေးနေတယ်လို့ ထွန်းသာခံစားရပါလိမ့်...။
ထွန်းသာ မတ်တပ်ရပ်ပြီး ထန်းရည်အိုးရှိရာ တဲလေးဆီသွားပြီး အထဲကိုဝင်လိုက်တော့ ဘယ်သူမှရှိမနေ။
တစ်ခုခုတော့မဟုတ်တော့ပါ...။
ထွန်းသာ အမြန်အပြင်ကိုပြေးထွက်လာလိုက်သည်။
"ဆရာလေး...သွားရအောင်..."
ထွန်းသာစကားကို သက်မိုးယံက ထူးဆန်းသလိုမော့ကြည့်သည်။
"ဘာလို့လဲ..ညီရ..."
"မြန်မြန်...."
ထွန်းသာ စကားနှင့်ပြောနေချိန်မရတော့ပဲ သက်မိုးယံ၏ လက်ကိုဆွဲလျက်ထိုနေရာမှ ရွာထဲသွားရာ လမ်းကိုပြေးလာလိုက်သည်။
တပည့်များမှာလည်း အစ်ကိုနေခြည့်နောက်လိုက်သွားလောက်ပြီမို့ သည်နေရာ၌ရန်သူရှိနေလျှင် ထွန်းသာတစ်ယောက်အပြင် မည်သူမှအကူအညီရမည်ဟုတ်။
တဖြည်းဖြည်းနဲ့ ရွာထဲကိုဝင်လာရာ ထွန်းသာ၏သံသယသည် ထူးဆန်းစွာပင် လွဲမှားနေသယောင်...။
ESTÁS LEYENDO
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...