Zawgyi
နေလုံးမှာ အနောက်အရပ်သို့ဝင်ခါနီးအချိန်ဖြစ်သည်။
တစ်လောကလုံးမှာ လိမ္မော်ရောင်သမ်းနေသည့်တိုင် ဂိုဒေါင်ထဲတော့အလင်းမဖောက်နိုင်။
"ဒိုင်း!"
လေးဖက်လေးလံအလုံပိတ်သောနေရာဖြစ်သည်ကြောင့် ကျယ်လောင်သောအသံမှာ နံရံတို့အားရိုက်ခတ်သွားသည်မှာ နားစူးဖွယ်။
သေနတ်ဒဏ်ရာကြောင့်အပေါက်ဖြစ်သွားသော ခြေဖမိုးမှာ သွေးတို့ချောင်းသဖွယ်စီးလာသည်။
နောင်ဆက်၏လက်ထဲမှ သေနတ်မှာတော့ အငွေ့တလူလူ။
"အား!! မရည်ရွယ်ပါဘူး.. ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး"
လူကြီးလူကောင်းဆန်စွာထိုင်နေသော နောင်ဆက်၏ဒူးနှစ်ဖက်မှာ တစ်ဖက်တစ်ချက်ဆီရွေ့လျားသွားသည့်အခါ၌ ပုံစံတစ်မျိုး စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။
"အဲ့ဒါကြောင့် သေနတ်တွေ ဘယ်မှာထားလဲလို့မေးနေတာမဟုတ်လား"
လက်နောက်ပြန်ကြိုးတုပ်ခံထားရသော Pollen မှာ တုန်ယင်စွာ ခေါင်းကိုဒူးနှစ်ဖက်ကြားအုပ်ထားရာက Louis ဆီရွေ့လျားသွားသည်။
ရိုက်နှက်ခံထားရသည်များကြောင့် နားထင်မှစီးကျနေသောသွေးများမှာ ရုပ်ပျက်ဆင်းပျက်နှင့်။
"ခေါင်းဆောင်! ကျွန်တော့်ကိုကယ်ပါဦး..
ကျွန်တော် ခေါင်းဆောင်ဘေးမှာ ၇နှစ်လောက်ရှိခဲ့တာလေ....အစ်...Renvel ကလူကို Clawဂိုဏ်းချုပ်က သတ်မှာကိုကြည့်နေတော့မလို့လား"နောင်ဆက်သည် ခြေနှစ်ဖက်ကိုပြန်ချိတ်လိုက်ကာ သေနတ်ကိုခါးကြားထိုးထားလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
Louis Renvel ဘာတွေတွေးနေသလဲ သူမသိလို။
သူသိလိုသမျှမှာ ဘယ်အချိန်ပြန်၍ ပန်းကလေးအားတွေ့ရမလဲဆိုသည်ကိုပင်။
![](https://img.wattpad.com/cover/318485943-288-k122543.jpg)
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...