Part 39
327 9 1
Zawgyi
"ကန့်​ကွက်​ပါတယ်​!"
တရားရုံးကျဉ်း​လေးထဲ မတိုးမကျယ်​ လူအများကြားနိုင်​ရုံထွက်​လာ​သော ဩဇာအနည်းငယ်​စွက်​​သောအသံသည်​ ဝတ်​ရုံဝတ်​ ​ရှေ့​နေလူငယ်​ထံမှဖြစ်​သည်​။
"လက်​ခံပါတယ်​၊ တရားလို​ရှေ့​နေ ​အ​ကြောင်းပြချက်​ ​လျှောက်​လဲပါ"
ထိုအခါ မျက်​မှန်​အဖြူ​ရောင်​ကို ပင့်​တင်​လိုက်​​သောလူငယ်​သည်​ တက်​ကြွမှုများစွာနှင့်
"အခင်းဖြစ်​​နေ့က တရားပြိုင်​က ​အိမ်​ယာ ၁၈မှာရှိ​နေခဲ့တာ​ကြောင့်​ ဝပ်​​ရှော့ဆိုင်​မှာရှိမ​နေခဲ့ပါဘူး"
"........."
"အာ....."
တရားရုံးတစ်​ခုလုံးတိတ်​ဆိတ်​သွား​တော့မှ ငြိမ်း သတိရလိုက်​မိသည်​။
သွားပြီ...ဒီလို​ပြောလိုက်​တာ တရားပြိုင်​ဟာ အခင်းဖြစ်​​နေရာ၌ရှိမ​နေခဲ့ခြင်းကို သက်​​သေထူလိုက်​သလို ဖြစ်​သွားသည်​မဟုတ်​လား။
"ကန့်​ကွက်​ပါတယ်​"
ခပ်​ပြုံးပြုံးနှင့်​ ထရပ်​လိုက်​​သော တစ်​ဖက်​​ရှေ့​နေ​ကြောင့်​ ငြိမ်းပိုစိတ်​တိုလာသလိုဖြစ်​သွားရကာ တရားသူကြီးထံ အ​ဖြေ​စောင့်​လိုက်​ရ၏။
"လက်​ခံပါတယ်​၊ တရားပြိုင်​​ရှေ့​နေ ​လျှောက်​လဲပါ"
တရားသူကြီးက အခွင့်​​ပေးလိုက်​ပြီ​မို့ ငြိမ်းထိုင်​လိုက်​ရင်း ကိုယ့်​ခေါင်းကိုယ်​သာ နာနာထုချင်​​နေမိသည်​။
ဘေး၌ထိုင်​​နေ​သော မခင်​မိုး​အေးကို လှည့်​ကြည့်​မိ​တော့ ဘာမှမဖြစ်​​ကြောင်း အသာပြုံးပြသည်​။
အနည်းဆုံး​တော့ ဖြစ်​ရပ်​စုံကို မခင်​မိုး​အေးအား အရင်​ရှင်းပြခဲ့၍သာ​တော်​​တော့သည်​။
စစချင်း ရှင်းပြစဉ်​က မယုံကြည်​ခဲ့ပါ​သော အမှုသည်​မှာ ငြိမ်းတို့စု​ဆောင်းမိသမျှ အချက်​အလက်​များနှင့်​ အ​သေအချာရှင်းပြသည့်​အခါ 15မိနစ်​ခန့်​ကြာ​အောင်​ ငိုလိုက်​​သေးသည်​မို့ ငြိမ်းနှင့်​မင်းထက်​ ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိ။