Part 16
459 10 0
Zawgyi
အိတ်​ထဲသို့စီးဆင်း​နေ​သော
သွေးများကို ငြိမ်းမြင်​​နေရသည်​။
သို့​ပေမယ့်​ ငြိမ်းမျက်​လုံးများထဲ၌
ထို​သွေးများကိုမမြင်​။
ခွဲခန်းထဲ၌ အသက်​လု​နေရ​သော
နောင်​ဆက်​ကိုသာမြင်​​ယောင်​​နေမိသည်​။
ကျေးဇူးပြုပြီး....သူတစ်​​ယောက်​ကို​တော့ ​ခေါ်ထုတ်​မသွားပါနဲ့....။
ငြိမ်းမျက်​ဝန်းများမှိတ်​ချလိုက်​ချိန်​တွင်
မျက်​ရည်​ကြည်​တစ်​​ပေါက်​မှာ
ကျဆင်းသွားသည်​။
အ​တော်​​လေးရှိမှ သူနာပြုမ​လေးက
ဆရာဝန်​မ​လေးအား ​သွေးအိတ်​ကို
ပေးလိုက်​​တော့ ဆရာဝန်​မ​လေးက
သွေးအိတ်​ကိုယူကာ တစ်​ချိုးတည်း
ပြေး​လေ​တော့သည်​။
"တစ်​နာရီ​လောက်​နားလိုက်​ဦးရှင့်​...
ခေါင်း​တွေဘာ​တွေမူးရင်
ပြောပါ..."
ငြိမ်း ​ခေါင်းသာငြိမ့်​ပြလိုက်​​တော့
သူနာပြုမ​လေးက အနားမှ
ထွက်​သွား​လေသည်​။
ဒီတစ်​ခါ​ပဲ...ဒီတစ်​ခါ​ပဲထပ်​ပြီး
ခင်​ဗျားကျွန်​​တော့်​အတွက်​​တွေးပေးလို့
ရမလားဗျာ...။
⭐⭐⭐⭐
ငြိမ်းခဏတာ အိပ်​​ပျော်​သွားရာ
နိုးလာချိန်​တွင်​ ည​နေ​စောင်း​နေပြီဖြစ်​သည်​။
ငြိမ်း ရုတ်​တရက်​ထထိုင်​လိုက်​​တော့
သူကြီးက​တော်​က ​ထွန်းသာနှင့်
စကား​ပြော​နေရာမှ ​မော့ကြည့်​သည်​။
"​မောင်​ရင်​...နိုးပြီလား..."
မဖြစ်​နိုင်​မှန်းသိ​ပေမယ့်
နိုးလာချိန်​တွင်​ ငြိမ်းအ​တွေ့ချင်​ရဆုံး
သူမှာတစ်​​ယောက်​တည်းသာရှိသည်။
ထိုသူမှာ ငြိမ်း​ဘေး၌ရှိမ​နေ...။
"သူ...သူ​ရော....သူကြီးက​တော်​..."
ထိုအခါ ထွန်းသာမှဝင်​၍
"ခွဲစိတ်​တာ​တော့ ​အောင်​မြင်​သွားတယ်
အစ်​ကို​နေခြည်​...
ဒါ​ပေမယ့်​...စိတ်​​တော့မချရ​သေးဘူး...
ဒီညကို​စောင့်​ကြည့်​ရဦးမယ်​တဲ့..."