Zawgyi
"ဗျို့...နေခြည်ရေ..."
ညနေစောင်း အလုပ်လုပ်ရန် Laptop ဖွင့်လိုက်ချိန် အိမ်ရှေ့မှထွက်လာသောအသံကြီးကြောင့် နောင်ဆက်မျက်ခုံးတွန့်လိုက်မိသည်။
နောင်ဆက်မေ့နေသော တစ်လအတွင်း ငြိမ်းအားအတော်လေး ခင်သွားကြပုံ။
နောင်ဆက် သိချင်သော်ငြား အကုန်လိုက်ပိတ်ပင်နေသူမဖြစ်လိုတာကြောင့် ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။
ခဏနေတော့ ခြေသံကြားလိုက်ရာ ငြိမ်းလျှောက်သွားသည်ထင်ရသည်။
နောင်ဆက် ငြိမ်ထိုင်နေရာမှ နောင်ဆက်နှင့် မျက်နှာချင်းဆိုင်ရှိ ပြတင်းပေါက်ကိုထသွားလိုက်သည်။
ထို့နောက် ထိုပြတင်းပေါက်မှ ဖြည်းဖြည်းလေး ခေါင်းထွက်ကြည့်တော့ အိမ်ရှေ့နားကိုမြင်နေရသည်။
အသားညိုညို ဗလတောင့်တောင့်နှင့်လူတစ်ဦးနှင့် ငြိမ်းတို့စကားပြောနေကြသည်။
"ဘာလဲ...မောင်ထူးရ.."
"မနေ့ကလို တို့တွေ ရွာထိပ်မှာ တစ်ခွက်တစ်ဖလားချမလို့လေ...လိုက်ခဲ့ပါလား...မနေ့က ဟိုကောင်လေးပါခေါ်ခဲ့..."
ထိုအခါ ငြိမ်းက ဘေးပတ်ပတ်လည်ကိုတစ်ချက်ကြည့်လိုက်ပြီး နောင်ဆက်မရှိတာသေချာမှ
"ကျွန်တော်လိုက်လို့မရဘူးဗျ...နောင်ပြန်ရောက်နေတယ်.."
"အေး..နောင်ဆိုတာ မင်းယောကျာ်းဆိုတာ....အု.."
မောင်ထူးစကားမဆုံးခင် ငြိမ်းမှ လက်နဲ့ကောက်အုပ်လိုက်ရာ အုခနဲအသံသာထွက်လာရသည်။
အဖြစ်အပျက်ကို အပေါ်ထပ်ကကြည့်နေသော နောင်ဆက်က မျက်မှောင်ကြုတ်သွားရသည်။
ရင်းနှီးတာမှ လက်တွေခြေတွေတောင်ပါတယ်ပေါ့...။
တကယ်ကြီးလား...။
![](https://img.wattpad.com/cover/318485943-288-k122543.jpg)
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...