Zawgyi
နက်မှောင်တောက်ပြောင်နေသော
Lamborghini တစ်စီးသည်
လေဆိပ်ရှေ့၌ ထိုးရပ်လိုက်သည်။မောင်းလာသည့်သူမှာ
ကားပေါ်ကဆင်းလိုက်သည်နှင့်
အားလုံး၏အာရုံများက ထိုလူထံ
ကျရောက်လာသည်...ထိုလူသည် ကော်ဖီရောင်suitကို
အနက်ရောင် Shirt နှင့်
တွဲဖက်ဝတ်ဆင်ထားပြီး
Style Pant အနက်ရောင်မှာ
သူများနှင့်မတူ ထူးခြားသူဟု
ထင်ရှားစေနိုင်သည်ဝတ်ထားသည့် Sunglass အမည်းရောင်မှာလည်း ၎င်းအောက်ရှိ
မျက်ဝန်းများ၏ အသွင်သဏ္ဌာန်ကို
အပြည့်အဝ ဖုံးပေးထားကာလက်ကောက်ဝတ်ရှိ ငွေရောင်
နာရီမှာလည်း Brandedတံဆိပ်တစ်ခု
ဖြစ်ကြောင်း ထည်ဝါစွာတည်ရှိနေလေသည်...ထို့နောက် မလှမ်းမကမ်းတွင်
ရပ်နေသော ယောကျာ်းနှစ်ဦးထံ
ဦးတည်လိုက်ရာ အခြားသူများ၏
အာရုံများမှာလည်း ထိုခြေလှမ်း၌သာ..ဦးတည်ရာယောကျာ်းနှစ်ဦးမှ
အနည်းငယ်ပိုရှည်သောသူက
မျက်ခုံးတစ်ဖက်ပင့်လျက်
ဆွဲကိုင်ထားသော လက်တစ်စုံကို
ပြင်ကိုင်လိုက်ကာ"မင်းကို လာကြိုခိုင်းတာ
Show off လုပ်ခိုင်းနေတာမဟုတ်ဘူးနော်...နောင်ဆက်မင်း...."ထိုလူ၏ စကားသံကို
နောင်ဆက်က ရယ်မောလိုက်ရင်း
မျက်မှန်ကိုချွတ်လိုက်ချိန်တွင်တော့
စိမ်းလဲ့နေသော မျက်ဝန်းအောက်၌
အကုန်လုံးငေးခနဲ ဖြစ်သွားလေတော့သည်...."ဘယ်သူကရော ဘာပြောနေလို့လဲ....
ဦးဥာဏ် Don't Worry...
ဦးဥာဏ်က အသက်ကြီးသွားပေမယ့်
အန်ကယ်လွှမ်းကမပျက်စီးသေးဘူး...
အသစ်လိုချင် ကျွန်တော်ရှာပေးလိုက်မယ်...စိတ်ချ....""ခရီးရောက်မဆိုက် ရန်မစောင်နဲ့
နောင်ဆက်...မင်းငယ်ကျိုးငယ်နာကို
ပြန်ဖော်လိုက်ရမကောင်းရှိတော့မယ်..."
ВЫ ЧИТАЕТЕ
Любовные романыMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...