Part 12
417 14 1
Zawgyi
"မောင်ရင်တို့...ထမင်းစားရအောင်
အောက်ဆင်းခဲ့ချည်ဦး..."
"ဟုတ်ကဲ့..သူကြီး.."
သူကြီးမှ တံခါးခေါက်ပြီး
ပြောလာရာတွင်ငြိမ်းက ပြန်ဖြေလိုက်သည်
နောက်တစ်ယောက်မှာတော့
မဖြေအား...
အိပ်မက်ကမ္ဘာထဲ၌
မျောလွင့်နေလေသည်
ငြိမ်းက အပ်ကိုအဆုံးသတ်
ချည်သိမ်းလိုက်ပြီး
ကာလနဂါးအားနှိုးရန်
ထလာလိုက်တော့သည်
ကြမ်းပြင်ပေါ်၌ အခင်းမပါဘာမပါနှင့်
အိပ်နေပါသောနောင်ဆက်၏အဖြစ်ကို
ဒေါ်သက်ရောင်နှင်းသာမြင်လျှင်တော့
ရင်ထုမနာဖြစ်မည်ကို
အတပ်ပြောနိုင်သည်
သို့သော် ကာယကံရှင်မှာတော့
အိပ်ကောင်းခြင်းနှင့်အိပ်နေလေသည်
"ကိုနောင်ဆက်မင်း..."
ငြိမ်းက နောင်ဆက်လက်မောင်းကို
လက်ညှိုးလေးနှင့်တို့လျက်
ခေါ်လိုက်သည်
သို့သော် ကာလနဂါးမှာ
အချိန်မတန်သေးလို့လားမသိ...
မနိုးနိုင်ချေ...
"ကိုနောင်ဆက်မင်း...ဟေ့လူ..
အာ့..."
နောက်တစ်ခါ မထိတထိလာလုပ်သော
လက်ကလေးကို နောင်ဆက်က
ဖမ်းဆွဲလိုက်ကာ ရင်ခွင်ထဲ
ပစ်သွင်းလိုက်တော့သည်
"ဟွန့်...ခင်ဗျားဘာလုပ်တာလဲ...
အခုလွှတ်.."
ငြိမ်းရုန်းသော်လည်းထိုလူကပဲ
အားကြီး၍လားမသိ...
မည်သို့မျှမရုန်းနိုင်သည်ကို
ငြိမ်း မကျေမနပ်ဖြစ်မိရသည်
ယောကျာ်းချင်းကိုပဲ..
ငြိမ်းက အားနည်းနေရသလား...
"ဟင်း...ငါးမိနစ်ပဲ..ငြိမ်း.."
နောင်ဆက်က ငြိမ်းကို ပိုတိုးဖက်လိုက်
တော့ ငြိမ်းမခံနိုင်စွာ ရုန်းမိသည်
"အခုဖယ်စမ်း...နောင်ဆက်မင်း.."
"ငြိမ်ငြိမ်နေနော်..ငြိမ်း...
ကိုယ် အများကြီးစောင့်ထိန်း
ထားတယ်လို့‌‌ပြောပြီးသား...
မစောင့်ထိန်းနိုင်ရင်တော့
ငြိမ်းအလွန်ပဲ..."
နောင်ဆက်က ငြိမ်းနားနားကပ်ပြီး
ပြောလာတော့ ငြိမ်းလည်း
ရုတ်ချည်းဆိုသလို ရုန်းတာ
ရပ်လိုက်ရတော့သည်