Zawgyi
"မရဘူး!!!"
"မရလို့မရဘူး ထွန်းသာ...မင်းက ငါ့လက်အောက်ငယ်သားနော်"
"အဲ့ဒါဆို အတော်ပဲ...Boss၊ ကျွန်တော် အလုပ်ထွက်တော့မယ်၊ မနက်ဖြန် ရန်ကုန်ပြန်မယ့်ကားနဲ့လိုက်သွားတော့မယ်...ဆာယိုနာရာ...."
လက်ကိုတာ့တာပြပြီး ထွက်သွားရန်လုပ်နေသော ထွန်းသာကို နောင်ဆက် ဂုတ်ပိုးမှ ဖမ်းဆွဲထားလိုက်သည်။
ဘာလို့များ အဲ့လောက်တောင် ငြင်းနေမှန်းမသိ။"မင်းအခုမသွားရင် ငါမင်းကို နောက်ဘဝပို့ပေးမယ်"
"အဲ့ဒါလည်းကောင်းတာပဲ၊ ကျွန်တော် ဓားသွားယူပေးမယ်...ခဏပဲစောင့်"
"ကျစ်...ဘာဖြစ်နေတာလဲ၊ ထွန်းသာ...
မင်းဆရာလေးရှိလို့လား"နောင်ဆက် စိတ်မရှည်စွာမေးလိုက်တော့ ထွန်းသာ၏ ပါးနှစ်ဖက်သည်နီရဲလာကာ
"မဟုတ်ဘူး"
"မဟုတ်လည်း သွားရမယ်၊ မင်းအဓိက စုံစမ်းရမှာက အဲ့ဒီလူမို့လို့ပဲ"
"အဲ့ဒါဆိုလည်း ဟုတ်တယ် Bossရာ
ကျွန်တော် အဲ့လူနဲ့ လွတ်လွတ်ကျွတ်ကျွတ်နေတော့မလို့""မင်းကိုရော မင်းယောကျာ်းတော်ခိုင်းနေလို့လား၊ သူ့အကြောင်းကိုသိချင်ရုံပဲ"
ထွန်းသာ သိနေပါသည်။
ဆရာလေးကိုကြည့်ရုံနှင့် Bossလည်း ထွန်းသာနှင့် အတွေးတူမည်ဆိုတာ..။ဒါပေမယ့် အခြားလူတွေကိုခိုင်းမလို့ကို Bossက တိုက်ရိုက်ကြီးခိုင်းလာတော့ ဘယ်လိုရှောင်လွှဲရမှန်းမသိတော့။
"ကျွန်တော်....အဲ့ဒီလူနဲ့ မပတ်သတ်ချင်ဘူး
Boss ကျွန်တော့်ကို နားလည်ပေးလို့မရဘူးလား""ထွန်းသာ...ငါလည်းမင်းကို မချစ်ခိုင်းဘူး၊ မင်းချစ်လို့လည်းမရဘူး၊
အဲ့ဒီလူက တစ်ချိန်ချိန်မှာ ငါ့သေနတ်အောက်က လူဖြစ်လာနိုင်တာမို့လို့...ငါ့သေနတ်နဲ့ တန်မတန် သိချင်ရုံပဲ"
![](https://img.wattpad.com/cover/318485943-288-k122543.jpg)
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...