Part 37
139 7 0
Zawgyi
"ထွန်းသာ...ညီ! ကိုယ့်​ကို​စောင့်​ဦး"
အ​မောတ​ကော​ပြေးလိုက်​လာသမျှ တစ်​လှမ်းမှမတွန့်​ဆုတ်​​သော​ ခြေလှမ်းများ​ကြောင့်​ Louis ​ခြေလှမ်းတို့အရှိန်​တင်​လိုက်​ရသည်​။
ဒီလူမိုက်​​လေး၏​ခြေတံရှည်​များမှာ ဒီတစ်​ခါ​တော့ သူ့အားအခက်​ကြုံ​စေပါ၏။
"ညီ! ကိုယ်​​ခေါ်​နေတယ်​​လေ!"
ကြံရာမရသည့်​အဆုံး ပုခုံးကိုဆွဲလှည့်​လိုက်​မှ ​ခြေလှမ်းတို့ ရပ်​တန့်​သွားသည်​။
နေ​ရောင်​​အောက်​တွင်​ ညိုလဲ့လဲ့ဖြစ်​​နေ​သော လူမိုက်​​လေးမှာ သာမာန်​ထက်​ညှိုးငယ်​​နေသည်​ကို Louis ခံစားမိသည်​။
ထို့​နောက်​ Louis ကို​မော့ကြည့်​လာ​သော အကြည့်​စူးစူးတို့၌ ရင်​ထိတ်​ရ၏။
မ​ကျေနပ်​​သော အကြည့်​သက်​သက်​ဆို Louis ထိုမျှ နာကျင်​ရပါ့မလား​လေ။
ယခုမှာ တစ်​ခါမှမမြင်​ဖူး​သော မျက်​ရည်​တို့ ရစ်​သိုင်း​နေ​သော ထိုမျက်​ဝန်းငယ်​မှာ သူ့အား အတိုင်းအဆမဲ့တုန်​လှုပ်​​စေပါသည်​။
"ညီ...ကိုယ်​...ကိုယ်​​တောင်းပန်​ပါတယ်​..
ကိုယ်​ရှင်းပြပြီးမှ မင်းသွားချင်​ရင်​သွားပါ
ဒီအတိုင်း မင်းကိုထွက်​သွားခွင့်​ပြုလိုက်​ရင်​ ကိုယ်​​နောင်​တရလိမ့်​မယ်​ထင်​တယ်​"
နာကျင်​ရိပ်​တို့ဖုံးလွှမ်းလာ​သော မျက်​ဝန်းတို့သည်​ Louis ရင်​အစုံထံ ကူးစက်​​စေပါ၏။
"​ကောင်းပြီ..​ခင်​ဗျားရှင်းပြပါ Louis RenVel..
ခင်​ဗျား သက်​မိုးယံအ​ယောင်​​ဆောင်​ပြီး Boss ကိုလုပ်​ကြံဖို့စီစဉ်​​နေခဲ့တာကို ရှင်းပြပါ
ခင်​ဗျား Boss ကိုလုပ်​ကြံချင်​လို့ ကျွန်​​တော့်​ကို သစ္စာ​ဖောက်​အဖြစ်​ ​ပြောင်းပစ်​လိုက်​ဖို့ကြံစည်​​နေခဲ့တာကိုရှင်းပြပါ
အဲ့ဒီ...အဲ့ဒီ​နေ့က​ရော...​ဆေး​ကြောင့်​သက်​သက်​ဟုတ်ခဲ့​​ရဲ့လား
ခင်​ဗျား တမင်​သက်​သက်​ ကျွန်​​တော့်​ကို..."
"ထွန်းသာ! ကိုယ်​အဲ့​လောက်​ထိမရည်​ရွယ်​ခဲ့ဘူး
အဲ့ဒီတစ်​​ခေါက်​က မ​တော်​တဆ သက်​သက်​ပါ
ကိုယ်​မင်းအ​ပေါ် အဲ့​လောက်​ထိ မရည်​ရွယ်​ခဲ့ရိုးအမှန်​ပါ"