Part 29
360 10 0
Zawgyi
"အင်း...."
ငြိမ်း အနည်းငယ်​တွန့်​လိုက်​သည်​နှင့်
ခါတိုင်းထက်​ ​နွေး​ထွေး​နေရာ ပြန်​ပင်​အိပ်​ချင်​စိတ်​​ပေါက်​သွားသည်​။
ငြိမ်း ​ရေ​မွှေးနံ့တစ်​မျိုးကိုရ​နေသည်​။
ငြိမ်းသိတာ​ပေါ့...ဒီ​ရေ​မွှေးနံ့ကို...။
ငြိမ်း မျက်​လုံးများကို ဖြည်းညင်းစွာဖွင့်​လိုက်​​တော့ ငြိမ်းမျက်​လုံး​ရှေ့၌
အဖြူ​ရောင်​ ရင်​အုပ်​ကျယ်​ကျယ်​တစ်​စုံ..။
ငြိမ်း ထပ်​ဆင့်​ပြုံးလိုက်​မိသည်​။
မျှော်​​နေရသူ ​ရောက်​ခဲ့​လေပြီ...။
ငြိမ်းက လွမ်း​နေရ​သော အ​ငွေ့အသက်​​လေးအား မ​ပျောက်​​စေခြင်းငှါ
ထို ရင်​အုပ်​ကျယ်​ကျယ်​ထက်​ မျက်​နှာအပ်​၍ ခါးကို ပိုတိုးပြီးဖက်​လိုက်​သည်​။
ထို့​နောက်​ ​ခေါင်းထက်​၌ လှုပ်​ရှားမှုတစ်​​ခု​ကြောင့်​ ​မော့ကြည့်​လိုက်​​တော့
မျက်​နှာတစ်​ခုမှာ ငြိမ်း၏ ဆံနွယ်​များထံ​ခေါင်းနှစ်​ထား​လေသည်​။
"နိုး​နေရင်​လည်း ထ​တော့​လေဗျာ..."
နောင်​ဆက်​က ငြိမ်း၏ခါး​လေးကို ပိုတိုးယူလိုက်​ကာ
"ကိုယ်​ အလွမ်းမ​ပြေ​သေးဘူး..."
မျက်​လုံးမဖွင့်​ပဲ တိုးလျလျထွက်​လာ​သောအသံ​ကြောင့်​ ငြိမ်းထပ်​မံပြုံးမိပြန်​သည်​။
နောင်​က တစ်​ခါတစ်​​ရံ က​လေးဆန်​လိုက်​တာဆိုတာ...။
ငြိမ်းလည်း ထိုရင်​ခွင်​၌သာ မျက်​နှာပြန်​အပ်​လျက်
"ချစ်​လိုက်​တာ..."
"ဟင်​...ငြိမ်း ဘာ​ပြောလိုက်​တာ?"
ချက်​ချင်း မျက်​လုံးများပြူးပြီး
ငြိမ်းနှင့်​ မျက်​နှာချင်းဆိုင်​ကာ ​မေးလာသူ​ကြောင့်​ ငြိမ်းတံ​တွေးမျိုချမိသည်​။
ပါးစပ်​က ဒီအတိုင်းထွက်​သွားခြင်းရယ်​ပါ..။
"ဟို...​နောင်​က ချစ်​စရာ​ကောင်းလိုက်​တာလို့...."