Zawgyi
"နောင် ဆက် မင်း!!!!"
ဖုန်းထဲကအသံကျယ်ကြီးကြောင့်
နောင်ဆက် ဖုန်းကိုလွှတ်ချမိတော့မတတ်ပင်...
ဒယ်ဒီက အဲ့လိုအော်တတ်သည်လား...
"ဖြည်းဖြည်းပြော...ဒယ်ဒီ..
ဒယ်ဒီ့သား ကျွန်တော်နားမကန်းသေးပါဘူး...."
"Venic Claw!!!!"
"ဟ....ဒယ်ဒီ...ဘယ့်နှယ်
နာမည်နှစ်ခုကို အကျယ်ကြီးအော်နေတာလဲ...သုံးခုများရှိရင်
ဒယ်ဒီ သုံးခါအော်မှာလား...."
"မင်း....နောင်ဆက်မင်း...
မင်းကိုငါနှစ်ခါမပြောဘူး...
အခုချက်ချင်း အိမ်ကိုလာခဲ့..."
"အာ...ဆီဈေးတွေတက်နေတယ်..
ဒယ်ဒီရဲ့...."
"ငါနှစ်ခါမပြောဘူးလို့ပြောပြီးသားနော်..
နောင်ဆက်မင်း...."
"တီ....."
နောင်ဆက် ဖုန်းကိုကြည့်လိုက်တော့
Call Ended ဖြစ်သွားပြီ...
အမှန်တော့ ငြိမ်းနဲ့ နောင်ဆက်ရဲ့
စားသောက်ဆိုင်က ဓာတ်ပုံတွေက
နောင်ဆက် ထိန်းချုပ်လိုက်လို့
ပြန့်မလာခဲ့...
သို့ပေမယ့် ကံမကောင်းစွာ
တစ်ယောက်ယောက်က
ဆိုင်ပြင်မှရိုက်ထားသည့်ပုံကို
Meme တင်လိုက်ရာက
ပုံများပြန့်လာခြင်းဖြစ်သည်...
မာမီလည်း လျှို့ဝှက်ထားခြင်းကို
ထိုMemeများကို ဒယ်ဒီက
တွေ့သွားပုံပင်...
ဦးနှောင်းမခ မသိသည့်အရေး
ဒီနိုင်ငံမှာရှိပါ့မလားလေ...
မတတ်နိုင်...မာမီ့ကိုအကူအညီတောင်းရမှာပင်..
⭐⭐⭐⭐
ရဲတိုက်ကြီးတစ်မျှခမ်းနားသော
တိုက်ကြီးသို့ Lamborghini
ကားအနက်ရောင်လေးသည်
ခြံဝင်းထဲသို့ ဆိုက်ရောက်လာသည်
ထိုကားထဲမှ အပြာနုရောင်
Coat နှင့် Style Pant မီးခိုးရောင်
လေးကို Shirt အဖြူရောင်လေးကို
ခံဝတ်ထားသော Sunglass
အညိုရောင်လေးနှင့်လူသည်
၂၅နှစ်အရွယ်ဟုပင် မထင်ရက်စရာ...
STAI LEGGENDO
Storie d'amoreMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...