Part 9
365 15 0
Zawgyi
"သား အဆင်​​ပြေပါ့မလား...."
စိတ်​ပူ​နေပုံ​ပေါ်​သော မာမီ​ကြောင့်
နောင်​ဆက်​ ပြုံးပြလိုက်​ကာ
ကုတင်​​ပေါ်၌ ထိုင်​ချလိုက်​သည်​...
"အဆင်​မ​ပြေစရာ မရှိပါဘူး
မာမီရယ်​..."
မာမီကလည်း ​နောင်​ဆက်​အဝတ်​များ
ထည့်​​နေရာမှ ​နောင်​ဆက်​ဆီ ​လျှောက်​လာကာ ​ဘေး၌ထိုင်​လိုက်​သည်
"သားက အညာ​ဒေသ​တွေ
တစ်​ခါမှ သွားဖူးတာမဟုတ်​ဘူး​လေ...
ဟိုမှာက ​ရေရှားတယ်​...
သားအဆင်​​ပြေပါ့မလား...."
"မာမီက စိတ်​အပူလွန်​​နေတာပြဿနာ...
ကျွန်​​တော့်​ကို ကြည့်​ဦး​နော်​...မာမီ...
ကျွန်​​တော်​ Claw ဂိုဏ်းချုပ်​...
လူမှန်းသိတတ်​စအရွယ်​ကတည်းက
အရွယ်နဲ့မမျှအောင်​​လေ့ကျင့်​ခဲ့ရတာ...
ရေအငတ်​ခံပြီးလည်း နှစ်​ရက်​တိတိ
နေခဲ့ဖူးတယ်​...
အစာအငတ်​ခံပြီးလည်း
တစ်​လတိတိ ​နေခဲ့တာ....
ဒီ ပြဿနာ​လောက်​​လေးက
ကျွန်​​တော့်​အတွက်​ ဘာခက်​မှာတဲ့လဲ..."
မာမီက မျက်​နှာ​လေးညှိုးလျက်
နောင်​ဆက်​ လက်​များကို
ဆုပ်​ကိုင်​လိုက်​ကာ
"မာမီကိုက သားကိုက​လေးလိုပဲ
မြင်​​နေ​သေးတာကွယ်​...
တကယ်​ သားဒယ်​ဒီ​ပြောတာလည်း
မမှားပါဘူး..."
နောင်​ဆက်​က မာမီ့ပုခုံး​ပေါ်
မှီချလိုက်​ကာ မျက်​လုံးများကို
မှိတ်​ထားလိုက်​သည်
"ချစ်​တဲ့သူနဲ့သွားရတဲ့ခရီးက
အခက်​အခဲမရှိပါဘူးမာမီ..."
မာမီက ပြုံးလိုက်​ပြီး ​နောင်​ဆက်
ခေါင်းကို ပွတ်​​ပေးလျက်
"သား​ပျော်​လား..."
"အိုဗျာ...​ပျော်​တာထက်​ပိုတာ​ပေါ့....
ငြိမ်းက လိုက်​မယ်​​တောင်​မထင်​ထားတာပဲ..."
"အင်း....သား​ပျော်​ရင်​​ကျေနပ်​ပါတယ်​..."
"ကျွန်​​တော်​ဘာလုပ်​သင့်​လဲမာမီ....
အဲ့က​လေးက လွှမ်းမိုးလွန်းတယ်​...
ကျွန်​​တော်​ သူ့အနားမှာရှိ​မနေသင့်​ဘူးမလား...."
မာမီက ​နောင်​ဆက်​ကို
ငုံ့ကြည့်​လာသည်​ကို အ​တွေ့ဖြင့်
နောင်​ဆက်​ခံစားမိသည်​...