Zawgyi
"ဟင်း...."
မနက်နိုးလာ၍ အကြောဆန့်လိုက်ရာတွင် ငြိမ်းခါးမှ မျက်ခနဲ..။
အသက်ရှူရသည်မှာလည်း
လေများပူနေသည်ကို သတိထားမိသည်။ရင်ခွင်ထဲမှ လှုပ်လာသော
အကောင်ပေါက်ကြောင့်
နောင်ဆက် နိုးလာတော့သည်။ထို့နောက် ကလေးငယ်အား
ငုံ့ကြည့်လျက်"နိုးပြီလား...ငြိမ်း..."
"အင်း......"
ငြိမ်းမှာ မျက်လုံးများပင်မဖွင့်ပဲ
အားမပါစွာ ဖြေလေတော့
နောင်ဆက်မျက်ခုံးများ တွန့်ချိုးသွားတော့သည်။ထို့နောက် ချက်ချင်းရောက်သွားသော
လက်တစ်ဖက်ဖြင့် ငြိမ်း၏
နဖူးအားစမ်းကြည့်ရာတွင်
နွေးနွေးလေးဖြစ်နေလေသည်။"ငြိမ်း....နေမကောင်းဘူးပဲ..."
"ဟင်း...."
နောင်ဆက်မှ ငုတ်တုတ်ထထိုင်လိုက်ကာ
"မှန်းစမ်း....သိပ်တော့မပူပါဘူး...
နည်းနည်းလေးနွေးနေတာ...
ခဏ...ကိုယ် ဆန်ပြုတ်ပြုတ်ခဲ့မယ်...""အေးတယ်....နောင်....မသွားနဲ့...."
နောင်ဆက်၏လက်အား ဆွဲလျက်
ပြောလာသော ကလေးငယ်ကြောင့်
နောင်ဆက် အောက်လျှောနေသော
စောင်အား သေချာပြင်ခြုံပေးလျက်
နဖူးလေးအား ဖွဖွနမ်းလိုက်ကာ"ကိုယ်သွားမှ ငြိမ်းမနက်စာစားပြီး
ဆေးသောက်လို့ရမှာပေါ့..
နှစ်ရက်တောင် ထမင်းမစားထားတာကို
ညကအရှိန်ကြောင့် နေမကောင်းဖြစ်ချင်သွားတာနေမယ်...
ကိုယ်မဟုတ်တာပါကွာ..."နောင်ဆက်မှ ငြိမ်း၏ ဆံနွယ်နီညိုရောင်
လေးများအား တင်ပေးရင်း
ပြောလိုက်ရာ ငြိမ်းမှ
မပွင့်ချင်သော မျက်ဝန်းလေးများအား
ဖွင့်ကာ"ကျွန်တော်လည်း ပါပါတယ်...
နောင်မမှားပါဘူး..."နောင်ဆက်က အဆုံးထိ
ကာကွယ်ပေးနေသော ကလေးငယ်၏
ပါးနွေးနွေးလေးအား ထပ်နမ်းလိုက်ကာ
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...