Zawgyi
လိပ်ပြာလေးများတွင် အနှစ်သက်ရဆုံးပန်းကလေးတစ်ပွင့်ရှိတတ်ကြ၏။
လွန်စွာချေးများလှသော လိပ်ပြာလေးတစ်ကောင်မှာတော့ သူ၏ပန်းကလေးမှလွဲ၊ သေဆုံးသွားသည့်တိုင်အခြားပန်းမှဝတ်ရည်တို့အားပြောင်းလဲသုံးဆောင်လိမ့်မည်မဟုတ်ချေ။
ဟန်ငြိမ်းနေခြည်သည် ထိုလိပ်ပြာကလေးနှင့်အလားတူလှသည်။
လိပ်ပြာငယ်ကလေးမှာ နောင်ဆက်မင်းဟုခေါ်သည့် ပန်းကလေးတစ်ပွင့်ကိုပိုင်ဆိုင်သည်။ကာလကြာမြင့်စွာ မိမိမှအပ အခြားလိပ်ပြာကလေးများအတွက် အဆိပ်သက်သက်ဖြစ်စေနိုင်ကြောင်းကို လိပ်ပြာကလေးမှမကြာမီသိရှိသွားခဲ့သည်။
ထိုနေ့မှစ၍ လိပ်ပြာကလေးမှာ မီးကိုတို့ထိလိုက်မိသောကလေးနှယ် ကြောက်ရွံ့စွာနောက်တစ်လှမ်းဆုတ်မိလိုက်၏။
ဆုတ်လိုက်မိသောခြေတစ်လှမ်း၌ပင် လိပ်ပြာငယ်ကလေးသည် ပန်းကလေး၏ ရနံ့တို့အားလွန်စွာလွမ်းဆွတ်မိလေတော့သည်။
ငြိမ်း၏လွမ်းဆွတ်မှုတို့မှာဖြင့် တစ်စုံသောမျက်ဝန်းတို့ကိုဖွင့်မိချိန် လစ်လပ်နေသော ကုတင်ဘယ်ဘက်ခြမ်းမှစတင်သည်။
ငြိမ်း၏အသိဥာဏ်အလုံးစုံတို့မစုမိသေးခင် အာရုံထဲတစ်စွန်းတစ်စပေါ်လာသည့်ပုံရိပ်တို့မှာ တစ်ယောက်တည်းနေချင်သည်ဟုပြောခဲ့စဉ်က ကူကယ်ရာမဲ့စွာငေးကြည့်လာခဲ့သောမျက်ဝန်းစိမ်းတို့ဖြစ်ချေ၏။
ထိုစဉ်က သူ၏ကားသော့ကိုငြိမ်းထံထိုးပေးလျက် 'ဂရုစိုက်မောင်း´ ဟုဆိုကာ မည်သည်ကိုမျှတုံ့ပြန်ချိန်မရလိုက်ပဲ ပျောက်သွားခဲ့သောသူမှာ ထင်သည့်အတိုင်းပင်တစ်ညလုံး အရိပ်ပင်ဖမ်းမမိလိုက်ချေ။
တိမ်စိုင်များနှယ် လေယူရာလွင့်မျောနေသောအတွေးတို့ကို စုစည်းကာ ငြိမ်းရေချိုးလိုက်ကာ ရေခဲသေတ္တာထဲရှိသမျှပစ္စည်းတို့အား စားပွဲပေါ်တွင်စုပြုံတင်လိုက်သည်။
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...