Part 42
127 7 0
Zawgyi
"ငြိမ်း"
ဆိုဖာ​ပေါ်၌ ကုပ်​ကုပ်​က​လေးထိုင်​​နေ​သောက​လေးငယ်​က ​နောင်​ဆက်​​ခေါ်လိုက်​သည့်​အခါ ဆတ်​ခနဲလှည့်​ကြည့်​လာ၏။
ခပ်​ဝိုင်းဝိုင်းဖြစ်​​သွား​သောမျက်​ဝန်းများကို ​အသည်းမယားမိ​စေရန်​ထိန်းချုပ်​ရင်း ​ရယ်​သံတစ်​ခုသာရိုက်​ခတ်​သွားရ​လေသည်​။
ငြိမ်းကမူ လက်​ထဲက​ကော်​ဖီကို အ​ရှေ့၌ချ​ပေးကာ ဝင်​ထိုင်​​တော့မှ သ​ဘော​ပေါက်​သွားဟန်​ပင်​။
"ကိုယ့်​​ကြောင့်​​ရေ​တွေစိုကုန်​ပြီမလား"
ငြိမ်းက အင်္ကျီအနားစကိုကိုင်​ကြည့်​လိုက်​ကာ
"မစိုပါဘူး"
"ငြိမ်း အဝတ်​အရင်​လဲလိုက်​မလား"
"ကျွန်​​တော့်​ကို​ပြောမယ့်​အစား ခင်​ဗျားကိုယ့်​ကိုယ်​ကိုပြန်​ကြည့်​သင့်​တယ်
Bathrobe နဲ့ပဲ​နေ​တော့မလို့လား"
"ကိုယ်​... စိတ်​မချလို့"
သိသာစွာ​ရှောင်​လွှဲသွား​သောမျက်​ဝန်းများကို ငြိမ်းလိုက်​ကြည့်​မိသည်​။
လက်​ထဲ၌ကိုင်​ထား​သော ​ကော်​ဖီခွက်​​ကြောင့်​ လူကိုယ်​တိုင်​ပင်​ အနည်းငယ်​​နွေးလာသ​ယောင်​။
နောင်​က ဆက်​ရှင်းပြသည်​။
"ငြိမ်း ထပ်​ငို​နေမှာ​စိုးလို့
အထူးသဖြင့်​ ကိုယ်​မရှိတဲ့​နေရာမှာ"
"အာ..."
နောင်​၏ အ​ခြေအမြစ်​မရှိ​သော ​ရောက်​တက်​ရာရာစကားများနှင့်​ ငြိမ်းသည်​အသားကျ​နေပြီးသားပင်​။
သို့​သော်​.. သို့​သော်​ ဤသို့​သော ခံစားချက်​မျိုးက​တော့ ရှားပါးစွာထွက်​​ပေါ်လာတတ်​​ချေ၏။
အလင်း​ရောင်​ မှိန်​ပျပျထဲ တစ်ခ​ဏချင်း လင်းထိန်​သွားသလိုခံစားချက်​။
"အခု ကိုယ်​တို့​ဆွေး​နွေးလို့ရပြီလား
ငြိမ်း တစ်​ခုခုဖြစ်​လာတာလား
ထွန်းသာ ဘာ​ပြောလိုက်​လဲ"
ငြိမ်း၏ဦး​နှောက်​မှာ ​​နောင်​ဆက်​၏ ဆက်​တိုက်​​မေးခွန်းများ၌ မည်​သည့်​​မေးခွန်းကို စ​ဖြေလိုက်​ရမှန်း ရုတ်​တရက်​ဆန်​စွာ အမီလိုက်​လိုက်​ရ​ချေသည်​။