Part 8
555 20 0
Zawgyi
ငြိမ်း အ​ဆောက်​အဦးကြီး​ရှေ့၌
ရပ်​လိုက်​ပြီး အ​ပေါ်ကို​မော့ကြည့်​လိုက်​​တော့ လည်​​ညောင်း​လောက်​​အောင်
မြင့်​​သော အမြင့်​တစ်​ခု၌
'Syran Supporting Co.td'
ဟူ​သောအမည်​တစ်​ခု ထည်​ဝါစွာ
တည်​ရှိ​နေ​လေသည်​...
ထိုလူဤမျှချမ်းသာမှန်း
ငြိမ်းသိ​ပေမယ့်​ သတိမထားမိခဲ့တာ​တော့အမှန်​...
ငြိမ်းသက်​ပြင်းကို ခပ်​​လေး​လေးချလိုက်​ပြီး တံခါးကိုဖြတ်​ကာ​ခြေချလိုက်​​သော်​လည်း အ​ဆောက်​အဦတွင်း
လူများမှာ
မိမိအလုပ်​နှင့်​ပင်​အားပုံမရပဲ
လူသုံး​လေး​ယောက်​​လောက်
ကော်​ဖီ​သောက်​​နေသည်​ကတစ်​စု
ဖိုင်​များကိုင်​လျက်​ ​သွား​နေကြသည်​က
တစ်​ချို့နှင့်​သာ...
ငြိမ်းလည်း တစ်​ဖြည်းဖြည်းချင်း
ကောင်​တာဆီ​လျှောက်​လာလိုက်​​တော့
ဘေးတစ်​ဝိုက်​က ​ကော်​ဖီနှင့်​လူများက
သန့်​ပြန့်​ပြီး ချစ်​စရာ​ကောင်း​သော
ကောင်​ငယ်​​လေးကို သတိထားမိကြသည်​....
အပြာနု​ရောင်​ Shirt ​လေးနှင့်
Style Pant အဖြူ​ရောင်​​လေး
ဝတ်​ထားကာ ​ရွှေ​ရောင်​မျက်​မှန်​​လေးကလည်းထို​ကောင်​ငယ်​​လေးအား
ပိုမို သန့်​ပြန့်​​နေ​စေသည်​...
ဖြူစွတ်​​နေ​သောအသားအရည်​​လေးမှာ
မထိရက်​စရာ​ကောင်းစွာ အပြာနု​ရောင်
အင်္ကျီ​အောက်​၌ လွင့်​​နေ​လေသည်​...
အလယ်​ခွဲ​ထား​သော နီညို​ရောင်
ဆံနွယ်​များမှာလည်း နဖူးပေါ်
အနည်းငယ်​ကျ​နေကာ
လေတစ်​ချက်​အတိုက်​ လမ်းတစ်​ချက်
အ​လျှောက်​တိုင်းမှာ ဝဲခနဲ...
နီဖူး​နေ​သော နှုတ်​ခမ်းထူထူ​လေးများမှာလည်း မိန်းမများသာမက
ယောကျာ်းသားများပင်​ နမ်းရှိုက်​ချင်​စရာ....
ကောင်​တာသို့​ရောက်​သည်​နှင့်
ငြိမ်းကို​စောင့်​ကြည့်​​နေ​သော
ကောင်​မ​လေးကထရပ်​သည်
"ဘာကူညီ​ပေးရမလဲရှင့်​..."
"ဟို...CEO ​နောင်​ဆက်​မင်းရှိလားဗျ.."