Zawgyi
Norway တွင် နှင်းတို့ပိတ်ဖုံးနေ၏။
ကားရှေ့မှန်ပေါ်ဆက်တိုက်ကျဆင်းနေသော နှင်းမှုန်များကို Wiper လေးနှစ်ချောင်းနှင့်သုတ်မနိုင်ဖြစ်နေပုံက သနားချင့်စဖွယ်။
ဒါတောင် ညနေပိုင်းရောက်လာသည်မို့ မနက်တုန်းကလောက် နှင်းများထူပိန်းမနေတော့ခြင်း။
"မာမီမှာထားတာရောပါရဲ့လား"
စကားဝိုင်းသည် အလုပ်ကိစ္စများမှ လမ်းကြောင်းပြောင်းသွားပြန်လေပြီ။
"အင်း တစ်နေ့ကတည်းက ကားထဲထည့်ထားတာ"
"ဒယ်ဒီ့ Scarf ရော"
"ထွန်းသာ ထည့်ပေးလိုက်တယ်"
ငြိမ်းသည် လက်ထဲမှစာရွက်ပိုင်းလေးကိုကြည့်ရင်း စာရေးတစ်ဦးနှယ် စစ်ဆေးနေသည်။
တစ်ခါတစ်ရံ မျက်မှန်မတပ်ထားတာကိုမေ့ပြီး မျက်ဝန်းနှစ်ခုကြား လက်ညှိုးနှင့်ပင့်တင်မိသည့်အခါ နောင်ဆက် မရယ်မိအောင်ထိန်းထားရသည်။
လေဆိပ်မှဆိုက်သည်နှင့် နောင်ဆက် ငြိမ်းအားမျက်ကပ်မှန်ပေးလိုက်စဉ်က သူ ရှယ်ပလန်နှင့် စိတ်ဆိုးခံခဲ့ရပြီးပြီ။
အကြောင်းမှာ မလာခင် မျက်လုံးစစ်စဉ်က ငြိမ်းက မျက်ကပ်မှန်ကို မူလမျက်လုံးအရောင်နှင့်သိပ်မကွာသည့် အညိုရင့်ရောင်သာယူရန်ပြောခဲ့သော်ငြား နောင်ဆက်က ဖီဆန်ကာ Hazel ရောင် ယူချလာသည်ကြောင့်ဖြစ်သည်။
အခုတော့ ဟေဇယ်ရောင်မျက်ဝန်းများနှင့် ကလေးငယ်မှာ သွေးနှော နောင်ဆက်ထက်ပင် နိုင်ငံခြားသားရုပ်ပေါက်နေသေး၏။
"ညက ကျွန်တော်ထည့်ထားတဲ့ဆွယ်တာကို ပြန်မထုတ်လိုက်ဘူးမလား"
"မထုတ်ရဲပါဘူးဗျာ"
အခုတော့ နောင်ဆက်ဘာအမှားမှမလုပ်ရဲ။
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...