Part 10
415 14 0
Zawgyi
နောင်​ဆက်​ အ​ပေါ်ထပ်​​ရောက်​​တော့
ကုတင်​​ပေါ်၌ လှဲ​နေ​သော
ငြိမ်းကို​တွေ့ရသည်​...
နောင်​ဆက်​လည်း တံခါးကိုအသံမထွက်​​အောင်​ ဖွဖွ​လေးပိတ်​လိုက်​ပြီး
ကုတင်​ဆီ​လျှောက်​လာခဲ့သည်​....
ကုတင်​​ပေါ်၌ ငြိမ်းက အမှန်​ပင်
အိပ်​​ပျော်​​နေ​လေသည်​...
နောင်​ဆက်​လည်း ငြိမ်းဘေး၌
ထိုင်​လိုက်​ပြီး မျက်​နှာ​ပေါ်အနည်းငယ်
ကျ​နေ​သော နီညို​ရောင်
ဆံနွယ်​လေးများကို ညင်​သာစွာ
ဖယ်​​ပေးလိုက်​သည်​....
ငြိမ်းက​တော့ အိပ်​မက်​ထဲမှာ
ဘာကြုံ​နေမှန်းမသိ....
မျက်​​မှောင်​​လေးကြုတ်​လျက်​....
နောင်​ဆက်​က မျက်​ခုံး​လေးများကို
ဖြည်​​ပေးမိ​တော့ ​နောင်​ဆက်လ​က်​ကို
ဖြတ်​ခနဲ ကိုင်​လာသည်​...
"မလိုက်​ပါနဲ့​တော့ဆိုဗျာ....ဟင့်​...
ဘာလို့လိုက်​​နေတာရဲ..."
စကားများမှာ ဗလုံးဗ​ထွေးနှင့်
မပီမသပင်​ ဖြစ်​​နေ​သော်​လည်း
နောင်​ဆက်​နားလည်​နိုင်​သည်
"မြတ်​နိုးလွန်းလို့ လိုက်​မိတာပါကွယ်​.."
နောင်​ဆက်​ကို ​မေးတာမ​ဟုတ်​​သော်​ငြား
နောင်​ဆက်​ ​ဖြေလိုက်​မိသည်​...
"ချစ်​ဘူးရို့...ချစ်​ပါဝူးဆိုဗျာ...ဟင့်​..."
"အိုကွာ....မငိုရဘူး​လေ...
ငြိမ်းချစ်​စရာမလိုဘူးလို့ ကိုယ်​​ပြောပြီးပြီပဲ..."
ကောင်​ငယ်​​လေးက တစ်​ရှုံ့ရှုံ့ဖြစ်​​နေရာမှ တိတ်​သွားသည်​...
အင်း...ကိုယ့်​ကို အဲ့​လောက်​​တောင်
မုန်း​နေတာလား က​လေးငယ်​...
နောင်​ဆက်​ သက်​ပြင်းသာချလျက်
ရေချိုးခန်းထဲကို ဝင်ရန်
ကုတင်​​ပေါ်မှ ထလိုက်​​တော့
လက်​​သေး​သေး​လေးက ​နောင်​ဆက်​ကို
ဆွဲထားသည်​...
ပြီး​နောက်​ ​နောင်​​ဆက်​ကို
ဆွဲချလိုက်​ရာ ​နောင်​ဆက်​မျက်​နှာမှာ
ငြိမ်းမျက်​နှာနှင့်​ နီးကပ်​သွားသည်​...