Part 38
172 4 0
Zawgyi
"အမ်​...​ရောက်​ပြီ"
"အင်း.."
ကားမှာ ငြိမ်း၏အိမ်​​ရှေ့၌ရပ်​​နေပြီး ကားထဲ၌​တော့ နှစ်​ဦးသားမှာ ဘာမှဆက်​မ​ပြောဖြစ်​ဘဲ ငုတ်​တုတ်​ဖြစ်​​နေကြသည်​မှာ ငါးမိနစ်​ခန့်​။
"မြန်​လိုက်​တာ"
ငြိမ်းက စီးလာခဲ့သူမို့​ပြောလိုက်​​သော်​ငြား ခပ်​တိုးတိုးညည်းညူလိုက်​သူမှာ ​နောင်​ဆက်​ပါပါသည်​မို့ တစ်​ဦးကိုတစ်​ဦးကြည့်​မိလိုက်​ကြသည်​။
နောင်​ဆက်​က သက်​ပြင်းဖွဖွချကာ
"ဒါဆို ကိုယ်​.... မနက်​ဖြန်​လာ​ခေါ်ရမှာလား"
"တရားခွင်​က သန်​ဘက်​ခါမှ ​နောင်​.."
"ဪ..."
လေထုမှာ ပြန်​တိတ်​ဆိတ်​သွားသည့်​တိုင်​ တစ်​​ယောက်​မှ မလှုပ်​ကြသည်​​ကြောင့်​ ငြိမ်း ​နောင့်​ဘက်​ကိုအကဲခတ်​လိုက်​သည်​။
နောင်​က စတီယာရင်​ကို ဘယ်​ဘက်​လက်​ဖြင့်​ကိုင်​ထားပြီး တစ်​ဝက်​လှန်​သိမ်းထား​သော နို့နှစ်​​ရောင်​ဆံနွယ်​များကို သပ်​တင်​​နေ၏။
ခဏ​နေ​တော့ ငြိမ်းတို့ကား​ဘေးမှ ကားတစ်​စီးဖြတ်​သွားရာ ကား​ပေါ်၌ကပ်​ထား​သော ​​ရေခဲမုန့်​စတစ်​ကာ​ကြောင့်​ ငြိမ်း ​ခေါင်းထဲတွင်​လက်​ခနဲ။
"​နောင်​..."
"အင်း"
"ဟို.. ​မနက်​ကတည်းက နံနက်စာ​မစားရ​သေးဘူးမဟုတ်​လား"
"အင်း.."
"ဟို... ​ကျွန်​​တော့်​အိမ်​မှာ ​ခေါက်​ဆွဲပြုတ်​စားသွားမလား"
"ဟင်​"
မရဲတရဲ​ပြော​နေ​သော ငြိမ်းမျက်​ဝန်းများထံ မျက်​ဝန်းစိမ်းတို့လှည့်​ကြည့်​လာသည့်​အခါ ငြိမ်း တံ​တွေးပင်​မျိုချမိသွားသည်​။
ဘာများ အဲ့ဒီ​လောက်​ အံ့ဩစရာ​ကောင်းသွားတာပါလိမ့်​။
"ကိုယ်​..."
ငြိမ်း​ဘေးမှာ​နေတာကြာပြီဖြစ်​​သော ​နောင်​တစ်​​ယောက်​ ငြိမ်းအကျင့်​​တွေကူးကာ ဂုတ်​ပိုးကို ပွတ်​​နေသည်​​ကြောင့်​ ငြိမ်း မျက်​ခုံးတွန့်​လိုက်​မိသည်​။