Zawgyi
"ငြိမ်း....."
ဘယ်နှစ်ကြိမ်မြောက်ပြီမသိသော ခေါ်သံ၌ ဘယ်နှစ်ကြိမ်မြောက်ပြီမသိသောရယ်သံကို ငြိမ်း ပြုရသည်။
ငြိမ်းတို့ ကုတင်ဘေးတွင်ရပ်နေသည်မှာ 15မိနစ်ခန့်ရှိပြီ။
အခုထိ Necktie ကိုင်ထားသည့်ငြိမ်းလက်အား ဆုပ်ထားသည့်သူမှာ ကလေးဆိုးကြီးနှယ် လိုချင်တာမရမချင်း အဝတ်အစားမဝတ်ဘူးဆိုသည့် ထုံပေပေကလေးကဲ့သို့ပြုမူနေလေသည်။"မရဘူးဆို မရဘူးနော်
ခင်ဗျားမိသားစုကိစ္စလေ ကျွန်တော်က ဘာလိုက်လုပ်ရမှာလဲလို့"အသုံးအနှုန်းပြန်ပြောင်းသွားသည့်အခါ ကလေးဆိုးကြီးမှာ ဝမ်းနည်းသွားသလိုနှင့် ငြိမ်းပုခုံးပေါ် ခေါင်းမှောက်ချလာ၏။
"အဲ့လိုလုပ်လည်းမရဘူး နောင်ဆက်မင်းအကြောင်း ကျုပ်ကအံတိုနေပြီဗျ"
ငြိမ်းပုခုံးပေါ်မှသူမှာ မကျေနပ်သလို ဗလုံးဗထွေးအသံတစ်ခု ပြုလာပြန်သည်။
ငြိမ်း ခါးကိုခပ်ဖွဖွဆုပ်ကိုင်လာသောလက်များမှာ ဘာကိုချော့ချင်နေမှန်း သိသော်လည်း ကျိန်းသေပေါက်ငြင်းရပါမည်။"ငြိမ်းက ကိုယ့်လူ၊ ကိုယ်မိသားစုရဲ့လူလေ...
အပြင်လူမှမဟုတ်တာ""နောင်.... ဂျီမကျနဲ့ဗျာ..."
ကျောရိုးမပါသလို ငြိမ်းကိုယ်ပေါ်မှီထားသူသည် သက်ပြင်းအကျယ်ကြီးကို ငြိမ်းမကြားကြားအောင် ချပြပြန်သည်။
"ကလေးမပါရင် ကိုယ်မသွားဘူး
မသွားတော့ဘူး""မသွားနဲ့လေ ကျွန်တော်လည်းပြန်တော့မယ် ခင်ဗျားနေခဲ့တော့"
ငြိမ်း တမင်ရည်ရွယ်၍ ခပ်ဆတ်ဆတ်အသံသုံးလိုက်မှ နောင်ကကိုယ်ပေါ်မှခွာကာ ဟက်စကီးတစ်ကောင်လို မျက်လုံးရွဲကြီးများနှင့် မိုးပြိုမတတ်ငိုချတော့မည့်နှယ်ကြည့်နေ၏။
ငြိမ်း သက်ပြင်းချရုံသာတတ်နိုင်၏။
သူ အရှေ့တစ်လှမ်းတိုးလိုက်ကာ လက်များက နောင့်လည်တိုင်ကို ရစ်သိုင်းသွားပြီး Necktie ကိုသေချာချည်ပေးနေလိုက်သည်။
မျက်နှာဆူပုပ်နေသူက ငြိမ်းစိတ်ပြောင်းလိုပြောင်းငြား သက်ပြင်းခဏခဏချပြနေလေသည်။
![](https://img.wattpad.com/cover/318485943-288-k122543.jpg)
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...