Zawgyi
"ဝုန်း...."
အခန်းထဲသို့ ပစ်ချလိုက်ရာတွင်
ငြိမ်းပင် လန့်သွားမိသည်။အမှန်ပင် နောင်ဆက်...။
ငြိမ်းမျက်ဝန်းများ ပြူးသွားရသည်။
နောင်က ဒီကိုဘယ်လိုရောက်လာတာလဲ။ဆေးရုံမှာ ရှိနေရမှာမဟုတ်ဘူးလား...။
နောင်ဒီမှာရှိလို့မဖြစ်ဘူး...။"နောင်...."
ငြိမ်းက လက်တစ်ဖက်ကိုမြှောက်လိုက်သော်လည်း သံကွင်းများခတ်ထားသော
အရှိန်ကြောင့် လက်မှာနောင်ဆက်ဆီ
ရောက်မသွားခဲ့....။နောင်ဆက်က ငြိမ်းအားမော့ကြည့်နေသည်။
အတော်ကြာအောင် ငြိမ်သက်စွာ
ကြည့်နေပြီးမှ ငြိမ်းဘက်ကို
နေရာရွှေ့လိုက်သည်။Coat အနီနှင့်လူမှာ
ခုံတစ်ခုံကိုယူလျက် အခန်းထဲ၌
ထိုင်ပြီး စီးကရက်တစ်လိပ်အား
ဖွာနေသည်။အခန်းမှာ အလုံပိတ်ဖြစ်သောကြောင့်
ဆေးလိပ်ငွေ့များမှာ အပြင်ကို
ထွက်မသွားပဲ အခန်းထဲ၌သာ
ဝေ့ပတ်နေသည်။"မင်းအဆင်ပြေလား..."
နောင်ဆက်က မသုံးဖူးပါသော
မင်း ဟူသော နာမ်စားကို
သုံးလိုက်ရာ ငြိမ်းကြောင်ပင်သွားမိသည်....။"အင်း....နောင်ဘာလို့ဒီကိုလာတာလဲ...
နောင်အခု နေကောင်းသွားပြီလား...
ခင်ဗျားက ဘယ်တော့မှကျွန်တော့်စကားကိုဆို နားမထောင်ဘူးဗျာ...."ငြိမ်းက ညည်းသလိုလေးပြောလိုက်ရာတွင် နောင်ဆက်ကိုယ်တိုင်ပင်
မသိလိုက်ပဲ ရယ်မိသွားရသည်။ငါက သူ့စကားကိုနားမထောင်ခဲ့ဘူးလား...။
"ကဲ...မြေပုံယူလာခဲ့..."
Coat အနီပိုင်ရှင်၏အမိန့်သံ
ကြားပြီးမကြာမီ တပည့်တစ်ယောက်က
မြေပုံအကြီးကြီးအား ယူလာပြီး
လေထဲ၌ ဖြန့်ပြထားသည်။
KAMU SEDANG MEMBACA
RomansaMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...