Zawgyi
"မင်းက ဖင်တကြွကြွနဲ့ဘာဖြစ်နေတာလဲ"
စိတ်မရှည်သည့်အဆုံး၌ ဦးနှောင်းမခမေးချလိုက်ရပြီပင်။
တကယ်တော့ ဒီမနက် အလုပ်ကိစ္စတစ်ချို့ကြောင့် ခေါ်ထားမိတာက မသင့်တော်ကြောင်း သူသိသည်။ထို့ကြောင့် ထိုကလေးအိမ်ပြန်ချင်နေသည်ကိုလည်း သူအပြည့်အဝကိုနားလည်သည်။
သူ ကိုယ်တိုင်လည်း အိမ်အမြန်ပြန်ကာ ချစ်ဇနီးလေးအား ပန်းတစ်စည်းပေးချင်နေသည်ပဲ။သို့တိုင် တစ်ချိန်လုံး ထိုင်ခုံကိုအပူပေးထားသလို ထိုင်လိုက်ထလိုက်လုပ်နေသူအား သူ စိတ်မရှည်တော့ကာ 'အဲ့ဒီ ဖင်ဂနာမငြိမ်ကောင်က ငါ့သား' ဆိုသည်စကားကို အာဂုံဆောင်နေရသည်။
နောင်ဆက်သည် နှုတ်ခမ်းတစ်ခြမ်းရွဲ့လိုက်ကာ ခုံပေါ်၌ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြန်သည်။
"ဒယ်ဒီဘာသိလဲ မှားလို့ နှစ်သစ်ကူးကြီးမှာ လူကိုဂုတ်ကဆွဲပြီး အလုပ်လုပ်ခိုင်းထားတဲ့သူက ဘာသိမှာလဲ"
"ဟ... ငါကရောလုပ်ချင်လို့လုပ်နေတာလား
အဲ့ဒါ ဘယ်ကောင့်အမှားမို့လို့လဲ
လွန်ခဲ့တဲ့တစ်လလောက်ကပြီးနေရမှာကို ယောက်ျားပူမိပြီး တစ်ဝက်ရူးနေတာ မင်းမဟုတ်ဘူးလား"နောင်ဆက်သည် ချက်ချင်းဆိုသလို အကြီးစားနစ်နာသွားသူပုံစံနှင့် ရင်ဘတ်ကိုဖိကာ
"ဒယ်ဒီ အသည်းနှလုံးမရှိလှချည်လား
ဒါဆို ဒယ်ဒီလက်ထပ်တုန်းကအချိန်ကို အချိန်ခရီးသွားပြီး ဟန်းနီးမွန်းတစ်လကို စာရွက်တွေနဲ့ဖို့သိပ်ပေးထားမယ်လေ
ဒီလိုလူမျိုးကို မာမီတစ်ယောက်ဘာများကြည့်ကြိုက်သလဲမသိဘူး"ဒယ်ဒီ ပါးစပ်ပိတ်သွားသည့်အခါ နောင်ဆက် မယုံနိုင်စွာတစ်ချက်ရယ်လိုက်မိသေးသည်။
တကယ်တမ်းတွေးကြည့်လျှင် ဒယ်ဒီပြောသည့် 'ယောက်ျားပူမိသည်' ဆိုသောကိစ္စကြီးက လုံးလုံးလျားလျားမှားသည်တော့မဟုတ်။
လက်ထပ်ပွဲအတွက် စီစဉ်နေသည့်အချိန်ကစ၍ နောင်ဆက် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့တာပင်။
KAMU SEDANG MEMBACA
RomansaMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...