Part 11
610 18 1
Zawgyi
Lamborghiniဖုန်ရောင်လေးသည်
နှစ်ထပ်ပျဉ်ထောင်အိမ်ရှေ့၌
ငြိမ့်ခနဲဆိုက်လာလေသည်
တက်မင်းသူကြီးကတော်မှာ
မမြင်စဖူးအမြင်ထူးရသော
ကားအကောင်းစားကြီးကို
လေးထောင့်မျက်မှန်ကြီး
ကောက်တပ်ပြီးပြူးပြဲကြည့်လိုက်သည်
ဒီလိုကားအကောင်းစားကြီးက
တက်မင်းရွာကိုလာရန်
အကြောင်းမှမရှိပဲ....
ခဏနေတော့ ကလေးငယ်
တစ်ယောက်က ကားပေါ်မှ
ဆင်းလာသည်....
သူကြီးကတော်မှ ထိုကလေးအား
သေချာကြည့်လိုက်တော့
ငါးသည်မ ဒေါ်ဝင်း၏သား
မောင်တုတ်လေးပင်ဖြစ်၏
"ဟဲ့..တော်ရေ...ဆင်းခဲ့ပါဦးတော့...
ကျုပ်တို့အိမ်ရှေ့မယ် ဘယ်က
ကားကြီးမှန်းမသိပါဘူးတော်..."
သူကြီးကတော်က အော်ခေါ်လိုက်တော့
သူကြီးက ပုဆိုးကြီးကိုပြင်ဝတ်လျက်
ဆေးတံကြီးခဲကာ ကွပ်ပျစ်ပေါ်ကို
ဆင်းချလာလေသည်
"ဘာလို့အော်နေတုန်းဟ...
ငါ့မှာအိမ်သာတောင်ကောင်းကောင်း
မတက်ရဘူး..."
သူကြီးကတော်က သူကြီး၏
လေရှည်ဟန်ကို စိတ်မရှည်စွာ
မျက်စောင်းထိုးလိုက်ပြီး
"စကားမများစမ်းနဲ့တော်...
ဟိုကိုကြည့်စမ်းပါဦး...ကျုပ်အမြင်
မွဲတာမဟုတ်ဘူးမလား.."
သူကြီးကလည်း မျက်မှောင်ကြီးကြတ်၍
ကြည့်လိုက်ကာ
"ဟုတ်ပါ့ဟ...ဘယ်ကကားကြီးလဲ..."
သူကြီးကတော်က မျက်စောင်းတစ်ချက်
ဝင့်လိုက်ပြန်ကာ
"ရော်...မသိလို့ တော့်ကိုမေးပါတယ်
တော်ကပါမသိတာ ကျုပ်ကဘယ်လို
သိမတုန်း..."
မောင်တုတ်လေးမှာ သူကြီးကတော်ဆီ
ပြေးလာပြီး သူကြီးကတော်နား
ရောက်သည်နှင့် မောသွားဟန်
ကွပ်ပျစ်ပေါ်၌ ထိုင်ချလိုက်သည်
"ဘယ်ကသူတွေတုန်းဟဲ့...
ဖိုးတုတ်ရဲ့..."
မောင်တုတ်လေးက သူကြီးအတွက်
ပြင်ထားသောရေ‌နွေးခွက်ကို
တစ်ခွက်မော့သောက်လိုက်ကာ