Zawgyi
နောင်ဆက်က အပေါ်ထပ်ကိုတက်လာတော့ ကလေးငယ်မှာ
အိပ်ပင်နေပြီဖြစ်သည်...
"ဘုတ်..."
နောင်ဆက်က စင်၌တင်ထားသော
ဘုရားစာအုပ်လေးအားတိုက်မိတော့
ငြိမ်းပုခုံးမှာ တုံ့ခနဲဖြစ်သွားသည်ကို
မြင်လိုက်ရသည်...
အိပ်ချင်ယောင်ဆောင်နေပြန်ပါပြီ....
နောင်ဆက် ပြုံးလိုက်မိရကာ
ငြိမ်းဘေးနား၌ ထိုင်ချလိုက်သည်
ကလေးငယ်မှာ နောင်ဆက်အား
လှည့်ပင်မကြည့်ချေ...
"ငြိမ်း...."
"ခေါ....."
နောင်ဆက်ခပ်တိုးတိုးခေါ်လိုက်သော်ငြား အိပ်နေကြောင်းပြလိုသယောင်
ဟောက်သံထွက်လာသော
ကလေးငယ်အား နောင်ဆက်
အားရပါးရ ရယ်လိုက်မိတော့သည်...
"ဟား....ဟား...ဘယ်လိုလေးတုန်းကွာ.."
ငြိမ်းတစ်ယောက် စောင်ပုံကြီးထဲ
ခေါင်းတိုးဝင်ကာ ဘဲနှုတ်ခမ်းဖြစ်နေပြီဖြစ်သည်...
ရာရာစစ သူကများလှောင်ရဲသေးတယ်
ဟွန့်....
"ကိုယ့်အချစ်လေး..."
"......."
"ကိုယ့်နှလုံးသားလေး...."
"......."
"မြတ်နိုးရာလေးရေ..."
တစ်မျိုးပြီးတစ်မျိုးခေါ်နေသော
နောင်ဆက်အား ငြိမ်းစိတ်ကြိုက်ကို
လျစ်လျူရှု ထားလိုက်သည်
ပါးစပ်ပါတိုင်းခေါ်နေတာ...
"ကိုယ့်ကိုမသနားဘူးလားကွယ်...
ငြိမ်း ဒီညတော့မကောက်ပါနဲ့လား...
မနက်ဖြန်မှကောက်လေ...."
ငြိမ်း မျက်ဖြူပင်လန်မတတ်ဖြစ်သွားမိသည်..
စိတ်ကောက်တာတောင်
မနက်ဖြန်မှ ကောက်ရဦးမယ်...
ဒီလူဘယ်လိုလူလဲ...
မဟုတ်ပါဘူး....ငါကကောက်မှမနေတာ..ဟမ့်...
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...