Zawgyi
"ကျွန်တော့်နံပါတ် အစ်ကိုနေခြည့်ဆီမှာရှိတယ်မလား...."
ကားပေါ်မှ အထုပ်များအား
ဆွဲချရင်း မေးလာသူအား ငြိမ်းလည်ပင်းမှာဆွဲထားသော အိတ်မှကြိုးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက်
ခေါင်းငြိမ့်ပြလိုက်သည်။"တစ်ခုခုဆို ဖုန်းဆက်လိုက်နော်...
အစ်ကိုနေခြည်..."ထွန်းသာက နောက်ဆုံးအထုပ်အား
ကားပေါ်မှ ဆွဲချရင်း ပြောလိုက်တော့
ငြိမ်းက ခေါင်းငြိမ့်ပြပြန်သည်။အမှန်တကယ် စိတ်ပူနေသည်မှာ
အသက်န္တရာယ်ဖြစ်ပုံမပေါ်။"အစ်ကိုနေခြည် စိတ်မပူပါနဲ့...
အန်ကယ်သက်မောင်က Bossရဲ့
တစ်ခြားဦးလေးတွေနဲ့ နည်းနည်းလောက်တော့ ကွာပေမယ့်
အရမ်းဆိုးတဲ့သူမဟုတ်ပါဘူး...."ငြိမ်း ဆံပင်ကို တစ်ချက်လှန်တင်လိုက်မိသည်။
မာမီတို့က လိုက်လျောညီထွေ
ဆက်ဆံပေးပေမယ့် မာမီ့မောင်က
ဘယ်လိုဖြစ်မယ်မှန်း ငြိမ်းမှမသိတာပဲ။"အိမ်က ဘေးအိမ်တင်ဆိုတော့
ဖုန်းဆက်မရရင် လာခဲ့လိုက်ပါ...
ဒါမှမဟုတ်ရင်လည်း ခေါ်လိုက်လို့
ရပါတယ်....""အင်း...ကျေးဇူးပါ...ထွန်းသာ..."
"ဟုတ်ကဲ့....အစ်ကိုနေခြည်
လိုအပ်တာရှိသေးလား...""မရှိတော့ပါဘူး....တစ်လမ်းလုံးကားမောင်းလာတာ ပင်ပန်းမှာပဲ...
မင်းလည်း နားတော့လေ..""ဟုတ်ကဲ့...ဒါဆို ကျွန်တော်သွားတော့မယ်..."
သူကြီးနှင့် သူကြီးကတော်တို့၏
ကျေးဇူးကြောင့် ထွန်းသာကို
သူကြီးအိမ်၏ ဘေးအိမ်ရှိ
ဦးထွေး ဟူသည့်ဒုတိယမြောက်သူကြီးဟုခေါ်ရလောက်သည့် တာဝန်သိရွာသားထံ၌ အိပ်စေသည်။ရွာသားများမှာလည်း စိတ်ရင်းကောင်းသူများဖြစ်လျက် ဧည့်သည်ကို
သူ့အိမ်ထား ကိုယ့်အိမ်ထားနှင့်
လုနေကြသေးသည်။
ESTÁS LEYENDO
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...