Zawgyi
ပထမဆုံးနေ့ဖြစ်သည့်အလျောက် ပုံမှန်ထက် သက်မိုးယံပင်ပန်းနေ၏။
အခြားဂိုဏ်းများမှ ဝယ်လက်ဖြတ်ခုတ်ရတာမျိုး၊ အဲ့ဒီနောက်ဆက်တွဲ၌ သူ့အား လာလုပ်ကြံသူများကို တစ်ပတ်လှည့်ရတာမျိုးများမှာ စာသင်ရတာလောက်ခက်မည်မထင်ပါ။
တစ်ယောက်တစ်ပေါက် စကားများနေကြသော ကလေးများကို စကားမပြောရန် ပြောရသည့်အကြိမ်ရေက သူ လူရိုက်ခဲ့ဖူးသည့်အကြိမ်ရေထက် ပိုများလောက်၏။
သင်္ချာသင်ပြမိရာမှ မေးလာသောမေးခွန်းများကို ဖြေရသည်မှာလည်း အကြပ်ရိုက်လှသည်။
ဥပမာ
"စတုရန်းကိုညီအောင် ပေတံပေါ်ကစင်တီမီတာတွေနဲ့ဆွဲရင် စင်တီမီတာကိုညီအောင် ပေတံစက်ရုံတွေက ဘယ်လိုလုပ်လဲ"ဆိုတာမျိုး...၊"စာမေးပွဲမလုပ်လို့မရဘူးလား"ဆိုတာမျိုး၊
"နှစ်ထပ်ကိန်းကို ဘာအတွက်တီထွင်ခဲ့တာလဲ" ဆိုတာမျိုးတို့ပင်။
သူတို့မမှားသော်ငြား တစ်ကယ်တမ်းဆွံ့အ ရသူမှာ သက်မိုးယံသာဖြစ်၏။
သက်မိုးယံ တွေးရင်းနှင့်ပင် ဖိနပ်ချွတ်ကာ အိမ်ပေါ်တက်လိုက်၏။
ထို့နောက် အိမ်ပတ်လည်ကိုကြည့်ရာ တိတ်ဆိတ်လျက်။
အိပ်ခန်းထဲဝင်ကြည့်တော့လည်း အိပ်ခန်းက အလွတ်။
တစ်အိမ်လုံးကို ပတ်ရှာပြီးသည့်နောက်တွင် သက်မိုးယံ သဘောပေါက်သွားတော့၏။
ထို့ကြောင့် ခြံထဲမှထွက်လာကာ အိမ်နီးနားချင်းတွေကိုမေးတော့ ရှာနေသူမှာ မနက် ၉နာရီလောက်ကတည်းက ထွက်သွားသည်ဟုဆို၏။
ဆန်ပြုတ်မှာလည်း ဒီအတိုင်းမို့ သက်မိုးယံပိုသေချာသွားတော့၏။
မင်းက သိပ်တတ်နေတယ်ပေါ့...ထွန်းသာ...။
စိတ်မကောင်းပေမယ့်...Louis RenVelကို တစ်ခြားအိမ်ပြေးသွားရုံနဲ့ရှောင်နိုင်မယ်ထင်နေတာပဲ...။
ВЫ ЧИТАЕТЕ
Любовные романыMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...