Part 15
270 8 0
Zawgyi
"ဗျို့...သူကြီး​ရေ...သူကြီး..."
ညိုညို​တောင့်​​တောင့်​ လူငယ်​တစ်​ဦးမှာ
သူကြီးတို့အိမ်​​ရှေ့၌ ရပ်​လျက်
ပုဆိုးစကို သိမ်းကာ​အော်​​ခေါ်လိုက်​သည်
ထွက်​လာသူမှာ​တော့ သူကြီးမဟုတ်​ပဲ
သူကြီးက​တော်​ဖြစ်​​နေ​လေသည်
"ဟဲ့...​မောင်​ထူး....ဘာဖြစ်​လို့
အော်​ကြီးဟစ်​ကျယ်​နဲ့ ခုနှစ်​အိမ်​ကြား
ရှစ်​အိမ်​ကြား ​အော်​​နေတုန်းဟဲ့..."
ထိုအခါ ​မောင်​ထူးဆိုသူသည်
ကွပ်​ပျစ်​​ပေါ်၌ ဒူးတစ်​ဖက်​​ထောင်​ပြီး
ထိုင်​လိုက်​ကာ
"ကျုပ်​ကို သူကြီး​ခေါ်ထားလို့ဗျ...
အလိုလိုမှ ကျုပ်​လက်​နဲ့အလုပ်
ပျက်​တယ်​ရယ်​​တောင်​မရှိတာကို
သူကြီးက​ခေါ်ပြီး ဘယ်​​ရောက်​​နေပြန်​ပြီလဲမသိပါဘူး..."
ထိုအခါ သူကြီးသည်​​ဆေးတံကြီးခဲ၍
ပုဆိုးပြင်​ဝတ်​ကာ ကွပ်​ပျစ်​​ပေါ်
ဆင်းချလာသည်​...
"​အေး...ငါ​ခေါ်ခိုင်းလိုက်​တာ..မ​သောင်း..မင်းကမအားရ​အောင်
ဘာလုပ်​​နေလို့လဲ..ဖိုးထူးရ..."
ထိုအခါ ​မောင်​ထူးဆိုသူက
ဟန်​ပါပါနှင့်
"​ရော်​..သူကြီးမသိဟန်​မ​ဆောင်​စမ်းပါနဲ့
ကျုပ်​မယ်​ ရွာ​မြောက်​ပိုင်းက
မိ​အေးနဲ့ လက်​ထပ်​နိုင်​ဖို့
တင့်​​တောင့်​တင့်​တယ်​ထားနိုင်​​အောင်
ရတဲ့လမ်းက ​ငွေရှာ​နေရတာ
ဦးမိုးအိမ်​​တောင်​ သွားခြံရှင်းရတာ
သူကြီးမသိ​ရော့လား..."
ထိုအခါ သူကြီးက ကွပ်​ပျစ်​၌
ထိုင်​ချလိုက်​ကာ
"​အေး...သိလို့ တစ်​ခြားသူမ​ခေါ်ပဲ
မင့်​​ခေါ်လိုက်​တာ​ပေါ့ကွ...
နေစမ်းပါဦး....မင့်​ ဦးမိုးအိမ်​မယ်
ခြံသွားရှင်းတာ ဘယ်​​လောက်​ရလဲ..."
"ငါး​သောင်းကြီး​တောင်​ရတယ်​ဗျ..."
"ဒါဖြင့်​...အချိန်​ဘယ်​​လောက်​ကုန်​လဲ...."
"​ရော်​...သူ့အိမ်​ကြီးက ​ပေါင်းထူပါဘိနဲ့..
တစ်​​နေ့​တော့ အသာ​လေးကုန်​တာ​ပေါ့ဗျ.. အခုသူကြီးနဲ့​ပြော​နေရတာ
အခုချိန်​များ ကျုပ်​သွားရှင်းလိုက်​ရင်
အ​တော်​ပြီးသွား​လောက်​ပြီဗျ..."