Zawgyi
"ကလေး...သက်သာသွားပြီလား..."
ရောက်ကတည်းက တစ်ကလေးထဲ
ကလေးနေသော မာမီ့အား
ငြိမ်းပင် နေသားကျသွားပြီ။တစ်ပတ်မျှရှိပြီ ဖြစ်၍
ငြိမ်းအဖျားမှာလည်း လုံးလုံးလျားလျား
ပျောက်ကင်းခါနီးဖြစ်နေလေပြီ...။"ဟုတ်...ကျွန်တော် ကောင်းသွားပါပြီ...
မနက်ဖြန် ကျွန်တော် ချက်မယ်လေ.."ထိုအခါ မာမီမှ လက်ကြီးကာလျက်
"အမယ်လေး....ဘာမှပူမနေနဲ့..
မင်းဒယ်ဒီကြီးတစ်ယောက်လုံး
ရှိတယ်....အေးဆေးသာနေ...."မာမီက ဒယ်ဒီ့အား လွှဲချလိုက်ရာတွင်
ဒယ်ဒီတစ်ယောက် ရေသောက်ရင်းတောင် သီးမလိုဖြစ်သွားရသည်။သို့ပေမယ့်လည်း ချစ်ဇနီးလေးအား
ဒယ်ဒီက ဘာပြန်ပြောနိုင်မည်လဲ...။"ဦးညီကိုရော...သားဖုန်းဆက်ဖြစ်သေးလား..."
"ဆက်ဖြစ်တယ်....
အကျိုးအကြောင်းတော့ပြောပြထားတယ်"ထိုတော့မှ မာမီက ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်
ဆက်စားနေသည်"ဘာကိစ္စရှိလို့လဲ...Iren...
ပိုင်ညီနဲ့ ပြောစရာရှိလို့လား..."ရုတ်တရက်မေးလာသော
ဦးနှောင်းမခကြောင့်
ဒေါ်သက်ရောင်နှင်းရော နောင်ဆက်ပါ
အရည်အသောက်မပါသော
ငါးခြောက်ကြော်ကိုပင်သီးသွားရသည်။"အော်....ဘယ်လိုစားနေလဲ...Irenရယ်.."
ဦးနှောင်းမခက ဒေါ်သက်ရောင်နှင်းအား
ရေခွက်လေးကမ်းကာ ငြိမ်းမှာတော့
လက်သီးဆုပ်သေးသေးလေးနှင့်
နောင်ဆက် ကျောပြင်အား
ထုပေးရှာသည်...။နောင်ဆက် ကလေးငယ်အား
ပြုံးကြည့်မိလိုက်တော့ ငြိမ်းက
ပြန်ပြုံးပြသည်။အဲ့လိုချစ်စရာကောင်းနေမှတော့
ကိုယ်မှ မချစ်ရင်ငြိမ်းကို
ဘယ်သူချစ်တော့မလဲ...ကဲ...။
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...