Zawgyi
"Hello...သူကြီး.."
"ဟဲလို....အေး...မောင်ရင်လား..."
သူကြီးမှာ အညာသားပီပီ
အသံကျယ်ကြီးနှင့် ဖုန်းထဲမှ
အော်ပြောလေသည်"ဟုတ်ကဲ့....သူကြီးတို့နေကောင်းကြလား.."
"ရော်...ဦးကြီးတို့ဆီက မောင်ရင်
ဒီနေ့ပဲ ထွက်သွားတာကို
ဦးကြီးတို့မယ် ပိုးမထိရင်
အကောင်းကြီးပဲလေကွာ...""အာ...ဟုတ်.."
လေထုမှာ တိတ်ဆိတ်သွားရာ
သူကြီးက သစ်ရွက်ခြောက်များ
လှည်းကျင်းနေသော ကောင်ငယ်လေးအား ကြည့်လျက်"မောင်ရင် မောင်ရင့်ခင်ပွန်းကို
သိချင်လို့ဖုန်းဆက်တယ်မဟုတ်လား...
စကားဝေ့ဝိုက်မနေစမ်းနဲ့ကွယ်..."နောင်ဆက်မှာ ငြိမ်းနှင့်တွေ့တာကြာလေ
ငြိမ်းအကျင့်များကူးလျက်
ဂုတ်ပိုးကိုပွတ်လိုက်ကာ"အာ...ဟုတ်တယ်ဗျ..."
"အေး...ဦးကြီးတို့ကလည်း
အညာသားတွေမို့ စကားဆို
တည့်တိုးပြောတာပဲ ကြိုက်တာကွ..
ဒီကလေး အဆင်ပြေပါတယ်..
ငါ့တူရ....အဲ....မနက်ကတော့
အခန်းထဲမှာ အကြာကြီးဖြစ်သွားတယ်.."သူကြီး၏ စကားကြောင့်
နောင်ဆက် မျက်မှောင်ကြုတ်လိုက်မိကာ ခါးပင်မတ်သွားရသည်"ငြိမ်း ဘာဖြစ်လို့လဲ...သူကြီး...
ငြိမ်းအဆင်ပြေရဲ့လား...
ကျွန်တော်လာခဲ့ရမလား...
ဒီကလေးက ကျွန်တော်မရှိတာနဲ့ဗျာ..""ဟား...ဟား...."
သူကြီးမှာ အသံအုပ်အုပ်ကြီးနှင့်
ရယ်ချလိုက်တော့ ငြိမ်းက
အလန့်တကြားလှည့်ကြည့်သည်သူကြီးက စိတ်မပူရန် လက်ကာပြလျက်
"ဘာဖြစ်လို့လဲ...သူကြီး..."
"ရော်...ခေတ်လူငယ်များ
တယ်ခက်ပါလားကွ...
မင့်ခင်ပွန်းမယ် ဘာမှမဖြစ်ဘူးကွ...
အခုတောင် မလုပ်ပါနဲ့ဆိုတာကို
သစ်ရွက်ခြောက်တွေလှည်းနေလေရဲ့..."
ESTÁS LEYENDO
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...