Zawgyi
နောင်ဆက်သည် မကြာသေးခင်ကပြန်သိမ်းထားသော သေနတ်ကိုပြန်ထုတ်ကာ Wet tissue တစ်ရွက်နှင့် သုတ်နေသည်။
ကမ္ဘာပေါ်တွင် အဆူဆုံးအချိန်သည် အတိတ်ဆိတ်ဆုံးအချိန်ပင် ဖြစ်သည်။
ထို့အတူ ဂိုဒေါင်တစ်ခုလုံးမှာလည်း လူသုံးဦးရှိနေသည့်တိုင် အသံများကင်းမဲ့နေကာ တစ်ချိန်တည်း၌ပင် ဆူညံမှုများက နားမခံသာအောင်ကျယ်လောင်လွန်းနေလေသည်။
"တကယ်ချီးကျူးတာပါ
Pollen Quater အနေနဲ့အသွင်ယူနိုင်ခဲ့တာရော
RenVel ဂိုဏ်းချုပ်ရှေ့မှာ ၇နှစ်လုံးလုံးနေခဲ့တာဆို ပိုတောင်ချီးကျူးစရာကောင်းသေးတယ်"Pollen အဖြစ်အသွင်ယူထားသည့်သူမှာ ချက်ချင်း မျက်နှာပျက်သွားသည်။
မျက်နှာတွင်ရထားသည့်ဒဏ်ရာများစွာထက် နောင်ဆက်၏စကားတစ်ခွန်းချင်းစီတိုင်းက သူ့အတွက် ပိုမိုခြောက်ခြားဖွယ်ရာဖြစ်နေသည့်နှယ်။
"Louis RenVel... မင်းမသိလိုက်တဲ့အချက်လေးတစ်ခုကိုလည်း ထောက်ပြပါရစေ
Pollen Quater ကို ကိုယ်ကိုယ်တိုင် လွန်ခဲ့တဲ့ ငါးနှစ်က မြေမြှုပ်ပေးခဲ့တာပဲ""မင်း ဘာပြောနေတာလဲ"
"Pollen က လူသတ်ရတာသိပ်ကြိုက်တယ်မဟုတ်လား
ဒါပေမယ့် သူ့မွေးရာပါဝါသနာသက်သက်အတွက်တော့ ကိုယ့်လူတွေလာထိတာကို သည်းမခံနေနိုင်ဘူးလေ
အဲ့ဒီအတွက် အဲ့ဒီငါးနှစ်ကတည်းက Pollen ကို အရှင်းလင်းဆုံးနည်းနဲ့အဆုံးသတ်ပေးခဲ့တယ်
အရူးတစ်ယောက်အနေနဲ့ ၇နှစ်လုံးလုံးသရုပ်ဆောင်လာတာက တော်ခဲ့ပေမယ့် မင်းမှားသွားတဲ့ ခြေလှမ်းလေးတစ်ကွက်က ငြိမ်းကိုဆေးခတ်ခဲ့တုန်းက""Venic Claw! "
"စကားပြောနေတုန်းဖြတ်ပြောတာ လူကြီးလူကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူးနော် Louis RenVel"
နောင်ဆက်၏ ခပ်ပြုံးပြုံးအပြောတွင် ထိုသူမှာ လှုပ်ပင်မလှုပ်နိုင်တော့သယောင်။
ВЫ ЧИТАЕТЕ
Любовные романыMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...