Zawgyi
အနောက်ကိုလှည့်တစ်ကြည့်ကြည့်နှင့်သွားနေသော ဒေါ်စန်းဆိုသူအား မသင်္ကာစွာ နောင်ဆက်လိုက်ကြည့်နေမိသည်။
တစ်ခါလှည့်လာတိုင်း တွေ့ရာသစ်ပင်မှာဝင်ပုန်းရတာလည်း အခါခါ။
ရွာလမ်းဖြစ်သည့်အလျောက် မညီညာသောလမ်းကိုလဲမကျအောင်ပင် နောင်ဆက် သတိထား၍လျှောက်နေရ၏။
ထွန်းသာကရော ဘယ်တော့မှရောက်မလဲ..။ဘုရားကျောင်းဟောင်းပုံစံမျိုးဆောက်ထားသော အဆောက်အအုံပျက်တစ်ခု၌ ဒေါ်စန်းကရပ်လိုက်သည်။
ထို့နောက် လှေကားပေါ်တက်သွားကာ အထဲမဝင်ပဲအပေါက်ဝ၌ရပ်နေ၏။
နောင်ဆက် တိုင်တစ်ခု၌ အကာအကွယ်ယူရပ်လိုက်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။"ဂျွတ်...ဂျွတ်...."
သစ်ရွက်ခြောက်ပေါ်နင်းသံများမှာ ညာဘက်မှလာနေရာ နောင်ဆက် ဘယ်ဘက်တိုင်ဆီ ပြောင်းပုန်းလိုက်သည်။
တစ်ဆက်တည်းမှာပင် ခါးကြားက Pistol ကိုလည်းထုတ်လိုက်၏။
နောင်ဆက် မသိမသာခေါင်းငဲ့ကြည့်လိုက်တော့ ခြေလှမ်းခပ်စိတ်စိတ်လှမ်းလာကာ ဘုရားကျောင်းပေါ်တက်သွားသည်။
'RenVel ဂိုဏ်းချုပ်...'
နောင်ဆက် တိတ်တဆိတ်ရေရွတ်မိကာ Pistol ကိုမောင်းတင်ထားလိုက်သည်။
သိပ်မဝေးသောအကွာအဝေး၌ စကားပြောသံများကို နောင်ဆက် ခပ်သဲ့သဲ့ကြားနေရ၏။
"မေမေ့သားလေး...ပိန်သွားလိုက်တာ.."
"ရှူး....အခုပြောစမ်း...RenVel ဂိုဏ်းချုပ် ဘယ်အခြေအနေရှိလဲ.."
နောင်ဆက် မျက်ခုံးတို့ကို ရုတ်ချည်းတွန့်လိုက်မိသည်။
RenVel ဂိုဏ်းချုပ်?
ဒါဆို ဒီလူက RenVel ဂိုဏ်းချုပ်မဟုတ်ဘူးလား...။"သူက ခါတိုင်းလိုပဲ စာသင်နေတယ်...သားရယ်...."
စာသင်နေတယ်....?
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...