Part 41
154 6 0
Zawgyi
"လက်​ပိုက်​!"
"ဟုတ်​ကဲ့"
"လက်​ပိုက်​လို့​ပြော​နေတယ်​​လေ!"
"​ပိုက်​ထားတယ်​​လေ"
Louis ၏ ပိုက်​ထား​သောလက်​ကို မ​ကျေနပ်​စွာ ထွန်းသာက ဆွဲဖြုတ်​ပြန်​သည်​။
"လက်​ပိုက်​!"
ဒီတစ်​ခါ​တော့ မ​နေနိုင်​စွာ Louis ရယ်​မိ​တော့သည်​။
Venic Claw ​ပို့​ပေးသွားသည့်​ Location အတိုင်း တစ်​ဟုန်​ထိုး ​မောင်းချလာခြင်းဖြစ်​သည်​။
ဘားကို ​ရောက်​​တော့ ငြိမ်​ငြိမ်​​လေး​မှောက်​​နေ​လောက်​သည်​  ဟူ​သောအထင်​နှင့်​ တက်​တက်​စင်​​အောင်​လွဲကာ အညို​လေးမှာ ဘား​ကောင်​တာ​​ပေါ် ညာ​ခြေ​ထောက်​တင်​ထားပုံမှာ Louis ၏ အညို​လေး ဟုတ်​ပါစဟုပင်​ နှစ်​ခါပြန်​ကြည့်​မိရသည်​အထိ။
သေချာနား​ထောင်​ကြည့်​မိ​တော့ Bartender အား စိတ်​ရှည်​လက်​ရှည်​နှင့်​ ကရာ​တေး​ဆော့ပုံ​ဆော့နည်း​တွေကို  သင်​ပြ​နေခြင်းပင်​။
Louis သွား​ခေါ်​တော့လည်း ရုပ်​တည်​ကြီးနှင့်​ကြည့်​ကာ နှင်​လွှတ်​သည်​​ကြောင့်​ အားသုံးကာ​ခေါ်လာမှ  လိုက်​လာခြင်းဖြစ်​သည်​။
ကားနား​ရောက်​သည်​နှင့်​ Louis လက်​ကိုလွှတ်​ချကာ လက်​ပိုက်​ခိုင်း​နေသည်​​ကြောင့်​ အခုထိ ကား​ပေါ်မတက်​ရ​သေး။
"ရယ်​ရဲ​သေးတယ်​​ပေါ့! မင်းလိုလူ​တွေကို ငါဘယ်​လိုကိုင်​တွယ်​လာလဲသိလား"
"ဟင့်​အင်း၊  ကိုယ်​မသိတာမို့ ညီက ကိုင်​တွယ်​ပြမလား"
အမူးသမား​လေးမှာ နှုတ်​ခမ်းတစ်ဖက်​​ပင့်​ရယ်​လိုက်​ကာ
"ဟက်​... မင်းရဲ့နံရိုးကို ချိုးလိုက်​ရုံပဲကွ! နှလုံးကိုစိုက်​ပြီး​သေ​မှာ"
"နံရိုးချိုးစရာမလိုပါဘူးကွာ.. နှလုံးသား​လေးက အခု​တောင်​ ​သေလုဆဲဆဲဖြစ်​​နေပါပြီ"
"ဟင်​... ငါမချိုးရ​သေးဘူး​လေ၊ ဘာလို့လဲ"
"ကိုယ့်​ရဲ့ အညို​လေးက ကိုယ့်​ကိုပစ်​ထားလို့ နှလုံးသား​လေးနာ​နေတာ"