Zawgyi
အတူတူပြန်ရောက်လာသော ဆရာတပည့်နှစ်ယောက်ကိုမြင်မှ ငြိမ်း အသက်ကောင်းကောင်းရှူရဲသည်။
အချိန်ကိုကြည့်လိုက်တော့ နံနက်တစ်နာရီ။
သီတင်းကျွတ်အခါ ထွန်းထားသော ဖယောင်းတိုင်တို့ပင်ငြိမ်းကုန်ပြီ။
စကားတစ်ပြောပြောနှင့် လပြည့်ညအောက်လျှောက်လာသောဆရာတပည့်နှစ်ယောက်မှာ အိပ်ငိုက်နေခဲ့သော ငြိမ်းအားမမြင်မိကြ။
အမှောင်ထဲမှ မဲမဲရိပ်များမှာ နောင်ဆက်မှန်းသေချာသည်နှင့် ငြိမ်း ထရပ်လိုက်ကာ ပြေးသွားမိသည်။
ထိုအခါမှ သတိထားမိပုံပေါ်သည့်နောင်ဆက်ကလည်း မျက်ဝန်း၌ အံ့ဩရိပ်တို့ဖြတ်ပြေးနေသည်။
ငြိမ်းနှင့်နောင်ဆက်၏အခြေအနေကိုသဘောပေါက်သော ထွန်းသာက နှုတ်ဆက်ကာ အိမ်ပြန်သွားသည်။
"နောင်...ဘာမှမဖြစ်ဘူးမလား"
အင်္ကျီလက်မောင်းစကိုခပ်ဖွဖွဆွဲရင်းမေးလာသော ကလေးငယ်သည် တစ်ကိုယ်လုံးစုန်ချည်ဆန်ချည်ကြည့်နေသောမျက်ဝန်းတို့၌ မရိုးသားမှုတို့တစ်စွန်းတစ်စမှမပါ။
နောင်ဆက်ဒဏ်ရာတို့ကို လွန်စွာစိုးရိမ်တတ်ပါသော ကလေးငယ်သည် အနည်းငယ်သက်သာရာရသွားဟန်မို့ နောင်ဆက် ဆံပင်နီညိုညိုတို့ကို အသာဆွဲဖွမိသည်။
"ဘာမှမဖြစ်ပါဘူး...ငြိမ်းရယ်.."
"ဟူး...ကျွန်တော်လည်း မာမီ့နေရာကိုယူရတော့မလိုပဲ နောင်ရာ....
အမေအရင်းလို အကုန်လိုက်ပူနေရတယ်"
စုတ်တစ်သပ်သပ်နှင့် ကလေးငယ်မှာ အမှန်ပင်စိတ်ပူနေဟန်ပေမယ့် နောင်ဆက်၏ စချင်စိတ်ကလေးကထိန်းမရဖြစ်လာရကာ ခါးကိုအနည်းသယ်ကိုင်းလိုက်ပြီး ကလေးငယ်၏နားထံချဉ်းကပ်သွားလိုက်သည်။
ထိုအခါ ရှိန်းခနဲရဲတက်လာသောပါးပြင်နှစ်ဖက်တို့မှာ နှစ်လိုဖွယ်ရာ...နောင်ဆက်၏ နှစ်လိုဖွယ်ရာပင်။
YOU ARE READING
RomanceMafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်... လမ်းကြောင်းရော ရွည်ရွယ်ချက်ပါမတူတဲ့ကောင်လေးတို့ရဲ့ ခရီးလမ်း... Mafia ကောင်လေးနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ပညာရှိ Lawyerလေး တို့ရဲ့...