Ep 3 (Uni + Zawgyi)

278 15 0
                                    

    မောင်တို့အိမ်ထဲကိုရောက်လာတော့ မီးဖိုခန်းထဲမှာ မောင်တို့အိမ်က အန်တီဖြူကိုတွေ့တာနဲ့

" မင်္ဂလာပါ အန်တီ..ထည်ဝါအခန်းထဲမှာလားဟင်..."

" ဪ သမီးတောင်ရောက်လာပြီပဲ၊ ဟုတ်တယ် သမီး ထည်ဝါလေးက အခန်းထဲမှာ "

" ဟုတ်...သမီးတက်သွားလိုက်မယ်နော်..."

" ဘာသောက်မလဲ သမီး..အန်တီဖြူ ဘာလုပ်ပေးရမလဲ "

" မနေ့ကလို အအေးလေးလုပ်ပေးပါနော် အန်တီဖြူ..."

" ဟို...မနေ့က အအေးက..."

အဲ့အချိန်အပေါ်ထပ်ကဆင်းလာတဲ့ မောင်က...

" မနေ့ကအအေးက ရေခဲသေတ္တာထဲမှာလေ အန်တီဖြူ..."

" ဟုတ်ကဲ့...မမလေး "

မောင်က " မမအပေါ်မှာ ခဏစောင့်နေပေးပါလား၊ ရေသောက်ပြီးလာခဲ့မယ်..."

" အွန်း..အရင်တက်နှင့်မယ်နော်..."

" ဟုတ်..."

မောင့်အခန်းထဲရောက်တာနဲ့ စာသင်မဲ့စားပွဲမှာပဲ ထိုင်စောင့်နေလိုက်တယ်။ ခဏကြာတော့ အအေးခွက်ရယ်၊မုန့်ရယ်ထည့်ထားတဲ့ ဗန်းကိုကိုင်ရင်းနဲ့ မောင်ရောက်လာတယ်။ မောင်က

" နည်းနည်းကြာသွားတယ် မမ...sry နော်..."

" ရပါတယ်ရှင့်..." လို့ ပြန်ဖြေခဲ့ပေမဲ့ စောင့်ရတာ မျှော်ရတာကို မုန်းတဲ့ဒီလူသားက မောင့်ကိုအပြစ်မမြင်ရက်ခဲ့တာ စသိကထဲက ထင်ပါရဲ့ မောင်ရယ်... မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေဟာ မောင့်ကိုစမြင်ကထဲက ရင်းနှီးနေသလို ခံစားနေခဲ့ရတာပါ ဆိုတာကို နောက်နောင်များမှပြောပြရပါဦးမယ်လို့ စိတ်ထဲကတွေးလိုက်မိတယ်။ မောင်ကစပြီး

" ဒီနေ့ အင်္ဂလိပ်စာကနေ စလုပ်ရအောင် မမ..." တဲ့...

" အွန်း...နားမလည်တာရှိရင်ပြောလေ၊ ရှင်းပြပေးမယ် " လို့ ကိုယ်ပြောတာ့ မောင်က

" နားမလည်တာကတော့ အကုန်ပဲ အင်္ဂလိပ်စာအားနည်းတယ်၊ စကားပြောရောပဲ၊ မမကတော့ ကျွမ်းတယ်နော်..."

" ထင်လို့ပါ၊ မရပါဘူးနော် ပြောတတ်သလိုပြောတာပါ။ "

" မဟုတ်တာပါ၊ မမရဲ့ e skill က မီးထပ်စာရင် အတော့်ကိုကျွမ်းနေတာပါ " မောင့်ရဲ့ သူ့ကိုယ်သူသုံးတဲ့နာမ်စားလေးဟာ မီး...တဲ့...ကိုယ့်ကိုတစ်စနဲ့တစ်စလောင်ကျွမ်းအောင်လုပ်နိုင်လာမဲ့ မီးစလေးဖြစ်ခဲ့ကြောင်း ကိုယ်မသိခဲ့ဘူးမောင်ရယ်...

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Where stories live. Discover now