အချိန်တွေရွေ့လျားလာလိုက်တာ မောင်နဲ့စာအတူလုပ်ခဲ့တာ တစ်လတောင်ပြည့်တော့မယ်...ညတိုင်းလဲ online မှာ စကားပြောဖြစ်ကြတယ်။ ဒီကြားထဲ မောင်နဲ့စကားတွေလဲများဖူးသလို၊ မောင့်ကိုစိတ်ကောက်ပြီး စကားမပြောဘဲလဲနေခဲ့ဖူးတယ်..မောင်ကတော့ မချော့တတ်ဘူး မမရယ် စိတ်မဆိုးပါနဲ့ဆိုတဲ့စကားနဲ့တင်စိတ်ကောက်ပြေခဲ့ရတဲ့ အကြိမ်ရေလဲ မနည်းခဲ့ပါဘူး..စိတ်မရှည်တတ်၊အလျော့မပေးတတ်သလို အချေပါဆိုပြီး နေရာတကာမှာ နာမည်ကြီးတဲ့ သွင်ဦးရာဆိုတဲ့ မိန်းမဟာ မောင်နဲ့တွေ့မှ ကလေးဆန်တတ်လာသလို မောင့်ရှေ့ကလွဲ တခါမှမလုပ်ဖူးတဲ့ နှုတ်ခမ်းစူတဲ့ အမူအကျင့်တွေပါ လုပ်တတ်တယ်ဆိုတာသိကြရင် လူတချို့က အံ့ဩကြမှာမလွဲဘူး မောင်...ကိုယ့်ထပ် ၁၀နှစ်ငယ်တဲ့ ထည်ဝါဦးနိုင်ဆိုတဲ့ အမျိုးသမီးလေးကြောင့်ဆိုတာသာထပ်သိကြရင် လက်ညိိုးထိုးရယ်ခံရမှာသိတယ်၊ ဒါပေမဲ့ မောင်ရယ် သံယောဇဉ်ကြိုးတွေဟာ ဖြတ်ဖို့ခက်သလို သိပ်လဲအင်အားကြီးကြောင်း မောင်ကကိုယ့်ကို သင်ပြနေတယ်မလား..ကိုယ်လေ...မောင့်အပေါ်မှာ သိပ်သံယောဇဉ်တွယ်နေမိပြီထင်တယ်မောင်...မောင်လဲ ကိုယ်နဲ့ထပ်တူပဲလို့လဲ ကိုယ်ခံစားနေရတယ်...
ဒီနေ့ တစ်လပြည့်တဲ့နေ့မှာ မောင့်စီရောက်တော့ မောင်မျက်နှာသိပ်မကောင်းဘူး။
"နေမကောင်းဘူးလား အပေါမလေး..မျက်နှာလဲ သိပ်မကောင်းဘူးနော်၊ဘာဖြစ်လို့လဲ မမကိုပြောပြလေ" မောင်သိလား..ကိုယ်ဟာလေ အဲ့အချိန်ကထဲက မောင့်မျက်နှာအမူအရာတိုင်းကိုဖတ်တတ်ခဲ့သလို မောင်မပြောလဲ မောင့်စိတ်ထဲမှာ အဆင်မပြေတာတွေကို ကိုယ်အလိုလိုခံစားမိကြောင်း နောင်တစ်ချိန်မောင့်ကို ပြောပြရင် မောင်ယုံပါ့မလားဟင်..မောင့်အပူမှန်သမျှခွဲဝေယူချင်စိတ်ဟာ ဘယ်သူမှတာဝန်မပေးထားလဲ ကိုယ်ကိုတိုင်လိုလိုလားလားလုပ်ချင်ခဲ့တဲ့အရာဖြစ်မှန်းမသိ ဖြစ်ခဲ့ပါတယ်မောင်...
"ဖေဖေပြန်လာတော့မယ်တဲ့..ဖေဖေပြန်လာရင် အခုလိုလွတ်လပ်တော့မှာမဟုတ်ဘူး၊ မမစာလာသင်ပေးတာကိုလဲ ဖေဖေကသိပ်သဘောမကျဘူး၊ပြီးတော့ မမနဲ့အရင်လို ညဘက်တွေ စကားပြောဖို့လဲ အဆင်မပြေလောက်တော့ဘူး၊ အာ့ကြောင့် စိတ်ညစ်နေတာ..." မောင်ပြောပြလို့ ကိုယ်သိသလောက် မောင့်ဖေဖေဟာ ON လုပ်ငန်းစုနာမည်နဲ့ လုပ်ငန်းအတော်များများရဲ့ CEO ဆိုတာ သိခဲ့ရသလို အသဲနှလုံးမရှိ ရက်စက်တဲ့ စီးပွါးရေးလုပ်ငန်းရှင်အနေနဲ့လဲနာမည်ကြီးကြောင်း ကိုယ်ကြားဖူးထားပါတယ်...
VOUS LISEZ
Roman d'amourဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...