"မေမေက အိမ်ကထွက်သွားတာ၊ ဖေဖေအနိုင်ယူတာတွေကိုမခံနိုင်တော့တဲ့အဆုံးမှာပေါ့၊ အရင်ကလဲ မကြာခဏ ရန်ဖြစ်တတ်ကြတယ်ဆိုပေမဲ့ မီးရဲ့၁၀နှစ်ပြည့်မွေးနေ့မှာ အကြီးအကျယ်ရန်ဖြစ်ကြတယ်။ ဖေဖေနဲ့ ရန်ဖြစ်ပြီး မေမေက ညီမလေးကိုခေါ်ပြီး အိမ်ကထွက်သွားခဲ့တာခုချိန်ထိိ ပြန်မလာခဲ့ဘူး၊ မေမေကလေ ဖေဖေ့ကို အရမ်းစိတ်ကုန်သွားပုံပဲ...ဖေဖေကလေ မေမေ့ကို လုံးဝမရှာရဘူး၊ အဆက်အသွယ်လဲ မလုပ်ရဘူးတဲ့လေ..ဖေဖေက သိပ်အတ္တကြီးတာပဲ၊ ကိုယ်ချစ်လို့ ယူထားတဲ့မိန်းမအပေါ်ကိုတောင်အတ္တတွေမလျော့ဘူး၊အနိုင်ယူတယ်၊ ပြီးတော့ပြောသေးတယ် အချစ်စစ်ဆိုတာ တကယ်မရှိပါဘူးတဲ့..အဟက် ဟာသတွေမလားဟင်..."
မောင့်စကားတွေဟာ လှောင်ရယ်သံအပြည့်ပေမဲ့ ဝမ်းနည်းရိပ်တွေလဲသမ်းနေကြောင်း ကိုယ်နှလုံးသားက ခံစားမိပါတယ်မောင်..."တစ်ချိန်ချိန် မီး ချစ်ရမဲ့လူတွေ့လို့ အိမ်ထောင်ပြုရင် ဖေဖေ့လိုလူမျိုးမဖြစ်အောင်ကြိုးစားမယ်၊ မီးချစ်ရတဲ့လူကို မေမေ့လိုမခံစားစေချင်ဘူး၊ မငိုစေချင်ဘူး၊ ဒါပေမဲ့လဲသွေးတွေကဖောက်ထုတ်လို့မရဘူးမလား..မေမေထွက်သွားတဲ့အဲ့နှစ်ကစ မီးမွေးနေ့မလုပ်ချင်တော့တာ၊ ဒါမမကို ပထမဦးဆုံးပြောပြမိတာ၊ ဘာလို့မှန်းမသိ မမကိုတော့ ပြောပြချင်နေမိတာ...ထူးဆန်းတယ်မလားဟင်..."
ကြယ်တွေကိုငေးရင်း မောင်ပြောပြတဲ့ မောင်တို့မိသားစုအကြောင်းဟာ စိတ်မကောင်းစရာပါပဲ၊ အမြဲမျက်နှာထားတည်တည်နဲ့ ၁၆နှစ်အရွယ်ကလေးမလေးဟာ ရင်နဲ့မဆံ့တဲ့ ဒဏ်ရာတွေကြောင့် အပြုံးအရယ်မရှိခဲ့ကြောင်း ကိုယ်သိလိုက်ရတော့ မောင်နဲ့ထပ်တူထပ်မျှစိတ်မကောင်းဖြစ်ရပါတယ်။ မောင့်မျက်လုံးအိမ်ထဲ မျက်ရည်တွေဝေ့ဝဲနေတာကို မြင်ရခြင်းဟာ ကိုယ့်ရင်ကိုဓါးထက်ထက်နဲ့ မွှန်းနေသလိုပါပဲ။"ငိုချင်ရင် ငိုချလိုက် စိတ်ထဲတင်းမထားနဲ့၊ မမရှိတယ်၊ မမရှိတာမို့ ငိုချလိုက်လို့ရတယ်" လို့ပြောရင်း မောင့်ကိုဖက်ထားမိတော့ မောင်က ငိုတယ်၊ ကိုယ်ပါ မျက်ရည်ကျမိတော့
"မမက ဘာလို့မျက်ရည်ကျတာလဲ"
"အပေါမလေးငိုတော့ ဝမ်းနည်းမိလို့ပါ"
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...