Ep 39 (Uni + Zawgyi)

392 8 4
                                    

အကြောင်းစုံသိရပြီးတဲ့နောက် ပေါင်ပေါ်တင်ထားတဲ့လက်သီးကိုသာ တင်းတင်းဆုတ်ထားလိုက်သည်။

"ဒီအတောအတွင်း မမကအဲ့လောက်တောင်ပင်ပန်းခဲ့တာလား၊ အဲ့ဒါကြောင့် အရင်ကထက် ပိန်သွားတာလား၊ ငါကတော့ ပျော်နေတယ်ထင်ခဲ့တာ၊ အဲ့လိုထင်ခဲ့လို့လဲ ဆက်သွယ်ဖို့ကိုအမြဲလက်တွန့်နေခဲ့မိတာ၊ အရာအားလုံးကိုကျောခိုင်းပြီး ထွက်သွားတာမို့ ပျော်အောင်နေသင့်တယ်မလား၊ ငါက မောင်တစ်ယောက်ဖြစ်နေပြီး ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးပဲ..."

"မင်းအပြစ်လဲဘယ်ဟုတ်ပါ့မလဲ၊ မ... ကိုက ဘယ်သူ့ကိုမှမပြောပြနိုင်ခဲ့တာပါ၊ တစ်ကယ်က မပြောပြနိုင်ခဲ့တာမဟုတ်ဘဲ မပြောထွက်ရက်ခဲ့တာဖြစ်မှာပါ၊ မင်းသိတဲ့အတိုင်းပဲလေ မ...က ဘယ်တုန်းကမှသူ့ရင်ထဲကခံစားချက်ကိုထုတ်ဖော်ပြခဲ့ဖူးလို့လဲ... အင်း တစ်ယောက်သောသူကလွဲရင်ပေါ့..."

"မင်းကိုတော့ ငါကျေးဇူးတင်ပါတယ် ငါ့အစ်မအနားမှာ ရှိနေပေးခဲ့လို့..."

"ရပါတယ်ကွာ၊ တစ်ကယ်တော့ငါလဲ မျှော်လင့်ချက်လေးတစ်ခုနဲ့နေမိတာမို့ မင်းစီကနေ ကျေးဇူးတင်စကားကြားရဖို့မရဲပါဘူး"

"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ကွာ..."

"အေးပါ၊ ငါပြန်တော့မယ် မ...က ဒီနေရာကိုငါ့ကိုသိစေချင်တာမဟုတ်ဘူး၊ ငါသိသွားမှန်းသိရင် မကောင်းဘူး"

"အင်း၊ နောက်မှထပ်တွေ့ကြမယ်"

"Ok ငါပြန်ပြီ"

"Ok"

..........

ညနေကိုယ်ပြန်လာတော့ မောင်လေးနဲ့အတူ လိုအပ်တာတွေဝယ်ရင်း ညစာစားလိုက်သည်။ အိပ်ကာနီး မောင်လေးကဧည့်ခန်းမှာပဲ ဝယ်လာတဲ့မွေ့ယာကိုခင်းလိုက်သည်။ ခရီးပန်းလာနိုင်သည့်အပြင် မနက်လဲကျောင်းကိုစာရင်းပေးဖို့သွားရမည်ဆိုတာကြောင့် စောစောနားဖို့သာပြောလိုက်သည်။

မနက်ကျ မနက်စာပြင်ဆင်ရင်း မောင်လေးနဲ့ကျောင်းကိုအတူလိုက်သွားဖို့ကြိုပြင်ထားလိုက်သည်။ မောင်လေးကိုနှိုးကာ ပြင်ဆင်ဖို့ပြောရင်း အတူလိုက်မည့်အကြောင်းပြောတော့

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Mar 29 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Où les histoires vivent. Découvrez maintenant