မောင်နဲ့အတူတူနေခဲ့တာ ခြောက်လဝန်းကျင်လောက်ရှိလာခဲ့တဲ့အချိန်မှာတော့ မောင်ကမနက်အလုပ်သွားချိန်တိုင်း ကိုယ်ထုတ်ပေးတဲ့ အဝတ်အစားအပြင် ညအိပ်ခါနီး ညအိပ်ဝတ်စုံတောင် ကိုယ်ထုတ်ပေးတာပဲဝတ်ခဲ့ပါသည်။ မောင့်အနားမှာပဲနေရင်း အလုပ်မလုပ်ဖို့ပြောပေမဲ့လဲ ကိုယ်နေရတဲ့နေရာရဲ့ဘာသာစကားကို မကျွမ်းကျင်ရင်တောင် မစိမ်းရအောင်သင်ယူရင်း ကော်ဖီဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့တာကို မောင့်ကိုပြောပြခဲ့သည်။ မောင်ကတော့ တားမရတဲ့အဆုံးစကားတွေလဲများပြီးကာမှ ရက်အနည်းငယ်အကြာမှ စစ်အေးတိုက်ပွဲအဖြစ်မကျေမနပ်နဲ့သာ အဆုံးသတ်သွားခဲ့ပေမဲ့ ကြုံရင်ကြုံသလိုတော့ ကိုယ့်ကိုထေ့ငေါ့ပါတယ်။ ဒီနေ့မနက်စာ စားပွဲဝိုင်းမှာလဲ မောင်ကအမေးစကားစပါတယ်။
"ကော်ဖီမကြိုက်တဲ့လူက တခြားအလုပ်မလုပ်ဘဲ ဘာလို့ ကော်ဖီဆိုင်လဲ"
တဲ့လေ... မောင် ကိုယ့်အနားမရှိချိန်တွေကို အမြန်ကုန်ဆုံးချင်တဲ့အပြင် ကိုယ်လုပ်တတ်တဲ့စာသင်တဲ့အလုပ်က ဘာသာစကားတောင်မကျွမ်းကျင်တဲ့နိုင်ငံမှာ ဘယ်လိုလုပ်လို့ရပါ့မလဲမောင်ရယ်... ဆိုတဲ့စကားကိုတော့ စိတ်ထဲကပဲပြောခဲ့မိသည်။ အပြင်ဘက်မှာတော့
"ပညာရပ်အသစ်တစ်ခုကိုလေ့လာချင်လို့ပါ၊ ဘေဘီက ကော်ဖီမသောက်နိုင်ပေမဲ့ အနံ့လေးကိုတော့ တစ်ကယ်သဘောကျတယ်လေ၊ ပြီးတော့..."
'မောင်နဲ့အတူတစ်နေ့ကျ အေးချမ်းတဲ့နေရာလေးမှာ ကော်ဖီဆိုင်လေးဖွင့်ဖို့အတွက်ကြိုတင်လေ့လာတဲ့သဘောအနေနဲ့ပါ' စိတ်ထဲကပြောနေပေမဲ့ အပြင်ကိုပြောမထွက်တဲ့စကားတွေကို မောင့်မျက်လုံးတွေကိုကြည့်ရင်းပြောနေမိပေမဲ့"ဆိုင်မှာက ကော်ဖီအပြင် အသီးဖျော်ရည်ဖျော်ပုံတွေရော၊ မုန့်လုပ်ပုံတွေပါ လေ့လာလို့ရတယ်လေ၊ ဆိုင်ကနေ ဘေဘီသင်ထားတာတွေ မောင့်ကို ပြန်လုပ်ကျွေးလို့ရအောင်လို့ပါ"
စိတ်ရှုပ်သလိုအမူအရာနဲ့မောင်က
"မလိုတာတွေကွာ"
တဲ့... မောင်ဘယ်လိုသဘောနဲ့ပြောလိုက်မှန်းမသိပေမဲ့ အဲ့စကားကကိုယ့်ကိုဘယ်လောက်နာကျင်စေကြောင်း ကိုယ်သာလျှင်အသိဆုံးပါ။
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...