"ရေခဲမုန့်တွေ ပေကုန်ပြီ" တဲ့...
မထင်မှတ်ထားဘဲ ကြားလိုက်ရတဲ့အသံကြောင့် အသံလာရာကိုကြည့်မိတော့ မောင်က ဘေးနားမှာရောက်နေခဲ့တယ်။ ကိုယ်အံ့ဩနေမိချိန် မောင်ကကိုယ့်နှုတ်ခမ်းနားလက်လှမ်းလို့ ပေနေတဲ့ရေခဲမုန့်ကို လက်မနဲ့ ဖွဖွလေးသုတ်ပေးခဲ့တယ်၊ မောင့်လက်မမှာ ပေသွားတဲ့ရေခဲမုန့်ကို ပါးစပ်ထဲထည့်ရင်း
"အရသာကကောင်းတယ်မလား"
လို့မေးတယ်။ ကမ်းနားမှာရေခဲမုန့်ပေတုန်းက မောင့်လက်နဲ့သုတ်ပြီး ချောကလက်အရသာကို မြည်းခဲ့ဖူးသလိုမျိုးပေါ့...မောင်ရောက်လာတာကို မယုံနိုင်သေးခင် ရင်ခုန်လွန်းလို့ နှလုံးရပ်မတတ်ကိုပါပဲ မောင်က ဒဏ်ရာပေးလိုက်၊ ဆေးပေးလိုက်နဲ့ကိုယ့်ကို ထိုကဲ့သို့ ရူးအောင်လုပ်ပါတယ်။ မျက်တောင်ခပ်ဖို့မေ့လောက်အောင် ကိုယ်ဘာပြန်ပြောရမလဲမသိဖြစ်နေချိန် မောင်ကပဲစကားဆက်တယ်၊
"စာပြန်ထားတာဘာလို့မဖတ်သေးတာလဲ"
"ဟင်...ဘာစာလဲ"
"cb မှာ မောင်စာပြန်ထားတယ်လေ"
"ဪ...ဖုန်းကအားမရှိတော့လို့..."
"အိမ်ရောက်ရင်ဖတ်လိုက်နော်"
"အင်း...ဒါနဲ့ဒီဖက်ကိုဘယ်လိုရောက်လာတာလဲ၊ ကိစ္စရှိလို့လား"
"ဒီဆိုင်ကရေခဲမုန့်လာဝယ်တာ"
"အဝေးကြီးကို ရေခဲမုန့်ဝယ်ဖို့သပ်သပ်လာတာလား၊ တယောက်ထဲလား၊ ဘယ်လိုလာတာလဲ၊ အိမ်ကရောသိလား၊ မှောင်တော့မှာကို တယောက်ထဲထွက်လာတာလား၊ ဘယ်လို..."
ကိုယ်မေးခွန်းတွေဆက်တိုက်မေးနေမိတာကို မောင်ကပြုံးရင်း ကိုယ့်နှုတ်ခမ်းနား မောင့်လက်ညိုးလေးကပ်လို့
"ဟိုးထား ဘေဘီ...မောနေဦးမယ်၊ မောင်တစ်ခုချင်းစီပြောပြမှာမို့ ခဏအမောဖြေဦးနော်..."
"မောင်တို့နားမှာလဲ ဆိုင်တွေရှိပေမဲ့ ရေခဲမုန့်တွေရောင်းကောင်းလို့ထင်ပါရဲ့၊ ကုန်နေတယ်လေ သူတို့ကိုမေးကြည့်တော့ ဒီဘက်ကဆိုင်မှာတော့ရှိလောက်မယ်ဆိုလို့လာခဲ့တာ၊ တယောက်ထဲ မဟုတ်ပါဘူး၊ ဦးမိုးလိုက်ပို့တာ ခုအပြင်မှာစောင့်နေတယ်၊ စိတ်မပူနဲ့နော်"
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...