24.4.2021
ကိုယ့်ဘဝရဲ့ တစ်သက်လုံးမေ့မရမဲ့ အမျိုးသမီးတယောက်ကိုစတွေ့ခဲ့တဲ့နေ့...ဦးနိုင်..ဒါက မမပြောတဲ့ မသွင်ဦးရာတဲ့...ဒီနေ့ကစပြီးညီမလေးကိုစာကူလုပ်ပေးမဲ့ ညီမလေးရဲ့ guide ပေါ့...
မမသွင်..ဒါကတော့ မြတ်နိုးရဲ့ ညီမလေး ထည်ဝါဦးနိုင်ပါ..အားလုံးကတော့ ဦးနိုင် လို့ပဲခေါ်ကြတယ်၊ ဟိုလေ မိတ်ဆက်ပေးပြီးပြီဆိုတော့ ရပြီထင်တယ်နော်၊ ကိစ္စလေးရှိလို့ အပြင်သွားလိုက်ဦးမယ်၊ နောက်မှတွေ့မယ်နော် မမသွင်...ဟုတ်ကဲ့ပါရှင့်...တွေ့ရတာဝမ်းသာပါတယ် ညီမလေး..အစ်မကို ညီမလေးရဲ့အစ်မတယောက်လိုသဘောထားပြီး ခင်နိုင်မင်နိုင်ပါတယ်၊ အစ်မက guide ဆိုတာထပ် ညီမလေးကိုစာတူတူကူကျက်ပေးရုံပါပဲ၊ ကျန်တာကိုတော့ ညီမလေးရဲ့တခြားဆရာတွေကလုပ်ပေးမှာဆိုတော့လေ...
မမ လို့ခေါ်လို့ရလား...
ဟင်...(ခုမှစတွေ့တာကို ဘယ်လိုဟာလေးလဲ)အစ်မလို့မခေါ်ချင်လို့လေ "မမ" လို့ခေါ်လို့ရလားလို့၊ အစ်မဆိုတာထပ် မမလို့ခေါ်တာက ပိုရင်းနှီးမလားလို့ပါ...
ရပါတယ်..ဘယ်လိုခေါ်ခေါ်ပါ ညီမလေးအဆင်ပြေရင်ရတယ်...
အာ့ဆို "ဘေဘီ" လို့ခေါ်ရင်ရောရလား...
"ဟင်..."
နောက်တာပါ၊ ညီမလေးလို့မခေါ်ပါနဲ့လား၊ မိန်းကလေးဆန်တဲ့လူမဟုတ်တော့ အဲ့လိုခေါ်တာက နားထဲတမျိုးဖြစ်နေလို့ပါ...
အာ့ဆို ဘယ်လိုခေါ်ရမလဲဟင်၊ ထည်ဝါ လို့လား၊ ဒါမှမဟုတ် ဦးနိုင် လို့ပဲခေါ်ရမလား၊ မမထပ် အများကြီးငယ်တော့ ငယ် လို့ပဲခေါ်ရင်ရော အဆင်ပြေလားဟင်...
"မောင်"... လို့ခေါ်ရင်ရော....
ဟင်....
စတာပါ၊ နောက်တာပါ၊ မိန်းကလေးဆန်တဲ့အခေါ်နဲ့ တခြားလူတွေကိုခေါ်တတ်တာမျိုးကလွဲရင်ကျန်တာခေါ်လို့ရပါတယ်။
ဘာသောက်မလဲဟင် အပူလား၊အအေးလား။
အရမ်းမအေးတဲ့ အအေးဆိုရင် ရပါပြီ။
ကော်ဖီ မကြိုက်ဘူးလား...
အွန်း၊ ကော်ဖီမကြိုက်လို့...
VOUS LISEZ
Roman d'amourဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...