"စာသင်ဖို့မအားတဲ့တယောက်ကို ဆိုင်တစ်ဆိုင်မှာ ကောင်လေးတယောက်နဲ့ နှစ်ယောက်ထဲထိုင်နေတာတွေ့လိုက်လို့"
"ဟင်..."
"ရယ်လဲရယ်နေလို့ ပျော်နေပုံပဲ မသိရင်..."
"သူငယ်ချင်းနေမှာပါ အစ်မရယ်၊ မောင်...ဟို သူ့မှာက ယောကျ်ားလေးသူငယ်ချင်းများတယ်လေ..."
မချိုပြောမဲ့စကားကို ခန့်မှန်းမိတာမို့ သူငယ်ချင်းနေမှာပါလို့ ကိုယ်ပြောမိပေမဲ့ ကိုယ်ရင်တွေပူနေတာ ကိုယ်ပဲသိပါတယ်မောင်ရယ်...သို့ပေမဲ့လဲ မောင့်ကို တစ်ခြားလူအထင်မလွဲရေးဟာ ကိုယ့်အတွက်အရာရာထပ်အရေးကြီးတာမို့ အဖြစ်မှန်ဟုတ်မဟုတ်ထပ် မောင့်ကိုကာကွယ်ဖို့သာ ကိုယ့်အတွက်အရေးကြီးခဲ့ပါတယ်။ အချစ်ဆိုတာ ထိုကဲ့သို့ ထင်ပါရဲ့ မောင်ရယ်...
"သူငယ်ချင်းဆိုလဲ...သူငယ်ချင်းပေါ့လေ၊ ညီမလေး အဆင်ပြေရင် ပြီးတာပါပဲ"
"နောက်နေ့ သူနဲ့တွေ့ရင်မေးလိုက်မယ် အစ်မ၊ သူက အဲ့လိုမိန်းကလေးမဟုတ်လောက်ပါဘူး"
အဆုံးမှာ တိုးဝင်သွားတဲ့ ကိုယ့်အသံကိုယ် အသိဆုံးပါ မောင်...
"အင်းပါ၊ အစ်မက သူ့ကို တွေ့လိုက်လို့ ပြောပြတာပါ"
"ဟုတ်...ညီမလေးနားလည်ပါတယ်"
"အဲ့ဒါဆို ဒါပဲနော်၊ အားတဲ့တစ်ရက်တွေ့ကြရအောင်"
"ဟုတ်..."
ရင်တွေပူလာတာ ကိုယ်သာလျှင် သိပါတယ်၊ ကိုယ်ဘာလုပ်ရမလဲ မောင်...နောက်နေ့ မောင့်စီသွားတော့ ဟိုနေ့ကမချိုပြောတာကို မေးသင့်မမေးသင့်တွေးရင်း မောင့်မျက်နှာကို မကြာခဏကြည့်နေမိတယ်။ ကိုယ်မေးလိုက်လို့ မဟုတ်ဘူး သူငယ်ချင်းဆိုရင် သိပ်စိတ်မပူရပေမဲ့ အဲ့အဖြေနဲ့ပြောင်းပြန် ကိုယ်မကြားချင်တဲ့အဖြေမျိုးဆို ဘယ်လိုလုပ်ရပါ့မလဲ...အခုရက်ပိုင်း မောင်ကကိုယ့်ကိုချစ်တယ်လို့လဲ သိပ်မပြောတော့ဘူး။ မောင်သာ...မောင်သာ...ကိုယ့်ကိုမချစ်တော့ရင် ကိုယ်ဘယ်လိုလုပ်ရပါ့မလဲမောင်ရယ်...
"ဘေဘီိ...ဘေဘီ...ဘေဘီရေ..."
"ဟင်..."
"ဘာတွေတွေးနေတာလဲ ဘေဘီ၊ မောင်ခေါ်နေတာကြာပြီ"
KAMU SEDANG MEMBACA
Romansaဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...