Ep 8 (Uni + Zawgyi)

141 10 0
                                    

          မောင်တို့ကားပေါ်ရောက်တော့

"ကဲ...ခုနကဟန်ဆောင်တဲ့အကြောင်းလေးမရှင်းပြချင်ဘူးလား မထည်ဝါဦးနိုင်ရှင့်..."

"ဟာ...မမကလဲ နာမည်လေးလုံးလုံးမခေါ်ပါနဲ့ဆို"

ကိုယ်စိတ်မရှည်သလို ကြည့်မိတော့ မောင်က

"စိတ်လျော့ပါ မရီးကလဲ..စိတ်ကြီးပဲ..."

"မနောက်နဲ့၊ ထည်ဝါဦးနိုင်"

"ပြောပြပါ့မယ်၊ တမင်လုပ်တာမဟုတ်သလို မမကို သူငယ်ချင်းတွေနဲ့ မနေစေချင်တာလဲ မဟုတ်ပါဘူး၊ ဟို...မီး သဝန်တိုလို့ပါ"

"ဘာကို သဝန်တို..."

"မီး ချစ်ရတဲ့လူကို တခြားလူတွေက ဂရုစိုက်တာ၊အစားအသောက်ခွံ့ကျွေးတာကို မီးက ဘယ်လိုစိတ်၊ဘယ်လိုမျက်လုံးမျိိုးနဲ့ကြည့်နိုင်မှာလဲလို့..."   

"သဝန်တိုရလောက်အောင် မဟုတ်တာလုပ်နေတာမှမဟုတ်တာ၊ သူလဲ ရိုးသားသလို မမလဲ ရိုးသားတယ်"

"သူရိုးသားမှန်း မမက ဘယ်လိုသိလဲ"

"ခင်တာဖြင့်ကြာနေပြီကို သူသာကြိုက်မှဖြင့် ဟိုးအရင်ကထဲကဖွင့်ပြောပြီးလောက်ပြီလေ အပေါမလေးရဲ့..."

"သူက အချိန်တစ်ခုကိုစောင့်နေတာဆိုရင်ရော..."

"ဘာအချိန်ကိုစောင့်နေတာလဲ"

"သူဖွင့်ပြောဖို့အချိန်ကောင်းကိုလေ"

"မဟုတ်တာ...သူ့မှာလဲ ကောင်လေးရှိပါတယ်၊ အကယ်၍ သူဖွင့်ပြောရင်တောင် မမကလက်ခံဦးမှလေ၊ မမ လက်မခံရင် ဘာမှမဖြစ်လာဘူး၊ သေချာတာ တစ်ခုက မမ မိန်းကလေးချင်းစိတ်မဝင်စားဘူး၊ စိတ်ဝင်စားခဲ့ရင်တောင် အဲ့လူက အဆုတော့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"

"မီး ရောဖြစ်လာနိုင်လား"

"ပြောစကားနားထောင်လို့လား"

"နားထောင်ပါ့မယ်ဆို..."

"အရင်နားထောင်ပါဦး၊ ပြီးမှထပ်ပြောမယ်"    ကိုယ့်ကိုဆက်မပြောနိုင်တော့သလို လက်လျော့ရင်းကြည့်တယ်၊ ပြီးတော့

"တကယ်လိမ္မာမှာပါ..မီးကိုယုံပေးပါနော်..."   ကိုယ်ပြန်မဖြေသေးခင် မောင့်ကို ကြည့်နေမိတယ်၊ ဒီစကားလေးသာမက မောင်ပြောသမျှစကားတိုင်းကို နောင်ဘဝထိပါ ကိုယ်အကြွင်းမဲ့ယုံကြောင်း ကိုယ်သက်သေပြချင်ပါတယ် မောင်...

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Donde viven las historias. Descúbrelo ahora