Ep 21 (Uni + Zawgyi)

124 6 0
                                    

ဘဝမှာ ပတ်တီးနဲ့ဘာမှစိတ်တိုင်းကျလှုပ်ရှားလို့မရဘဲ နေခဲ့ရတဲ့ ၃ရက်မြောက်နေ့ရောက်လာခဲ့တယ်။ ဒီနေ့စာသင်သွားရင်းအပြန်မှ ဆေးခန်းဝင်မယ်ဆိုတဲ့ စိတ်ကူးအတိုင်း အမေ့ကိုပြောပြီး အိမ်ကထွက်မယ်လုပ်နေတုန်း ထင်လင်းပိုင်ရောက်လာခဲ့တယ်။

"မ...ဆေးခန်းသွားမလို့လား"

"စာသင်သွားပြီး အပြန်မှဝင်မလို့"

"ကျွန်တော်လိုက်ပို့မလို့လာခေါ်တာ"

"ရပါတယ်၊ အစ်မဘာသာသွားလို့ရတယ်"

"လက်ကဖြင့်မသက်သာသေးဘဲနဲ့ မ...ရယ်"

"သက်သာတယ်မဟုတ်ပေမဲ့ အဆင်ပြေပါတယ်"

"ဟင်းးးခုက ဘယ်လိုသွားမှာလဲ"

"ကားဌား..."

"ကားဌားမယ်ဆို မဌားနဲ့တော့ကျွန်တော်လိုက်ပို့ပေးမယ်"

"မဟုတ်တာ၊ သွားရမဲ့နေရာကဝေးတယ်၊ အစ်မ ကိုယ့်ဘာသာကိုယ်သွားပါ့မယ်"

"ဝေးမဲ့နေရာဆိုတာ သိနေလို့ လိုက်ပို့မယ်ပြောတာပါ"

"မပို့ပါနဲ့ရပါတယ်၊ အားနာစရာကြီး"

"အားနာရမဲ့လူတွေမှမဟုတ်ဘဲနဲ့ကို၊ အန်တီရေ မ...ကိုပြောပေးပါဦး၊ ကျွန်တော်လဲ အဲ့ဘက်သွားစရာရှိနေလို့ တစ်ခါထဲလိုက်ပို့မလို့ပါ..."

"ဟုတ်သားပဲ သမီးရယ်၊ သားထင်လင်းက လမ်းကြုံနေတယ်ဆိုတော့ လိုက်သွားလိုက်ပါကွယ်၊ မေမေက သမီးကို စာသွားသင်စေချင်သေးတာမဟုတ်ဘူး၊ taxi နဲ့ဆို စိတ်ပူနေရဦးမှာ"

"ဟို..."

"မငြင်းပါနဲ့တော့ မ..ရယ်"

"ဘုန်းခန့်ကိုပါခေါ်လိုက်ဦးမယ်၊ နှစ်ယောက်ထဲဆို ပတ်ဝန်းကျင်အမြင်ကလဲရှိသေးတော့"

"သဘောပါဗျာ..."

ချစ်ရတဲ့မ...က ကျွန်တော်လှမ်းလာမဲ့ခြေလှမ်းတိုင်းကိုကြိုသိနေသလိုကို ရှောင်ပါတယ်၊ နှစ်ယောက်ထဲဆိုတဲ့အချိန်မျိုးကို ၅မိနစ််တောင်မပေးပါဘူး၊ ပတ်ဝန်းကျင်ဆိုတာထပ် ဟိုတစ်ယောက်ရဲ့အမြင်မှာ အထင်မလွဲစေချင်တာမှန်း ကျွန်တော်ကောင်းကောင်းသိပါတယ်။ အဲ့လောက်တောင်ချစ်ရလားလို့ မ...ရယ်၊ ထည်ဝါဦးနိုင်က သူပိုင်ဆိုင်ထားရတဲ့လူက ဘယ်လောက်တောင်ချစ်တတ်ပြီး၊ တန်ဖိုးကြီးတဲ့လူလဲဆိုတာကို သိရဲ့လားဆိုတာကို သိချင်မိပြန်တယ်။

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Where stories live. Discover now