Uni
မနက်မိုးလင်းတော့လုပ်နေကျအတိုင်း မောင့်မျက်နှာလေးကိုငေးတယ်၊ ဆုတောင်းစကားပြောရင်းမောင့်နှဖူးလေးကိုနမ်းပြီးတော့ ကိုယ်လက်သန့်စင်ခြင်းအလုပ်ကိုစလုပ်ပါသည်။ ဒီနေ့မနက်စာကို sandwich စီစဉ်ထားတာမို့ရေချိုးအဝတ်အစားလဲပြီးတာနဲ့ ရေခဲသေတ္တာထဲက ကြက်ဥသုံးလုံးကိုထုတ်လို့အရင်ပြုတ်လိုက်သည်။ ကြက်ဥပြုတ်ရတာနဲ့ခဏအအေးခံပြီး အခွံနွှာ ပြီးတော့ ကြက်ဥကိုအရမ်းမကျေသွားရအောင် ဓါးနဲ့သေးသေးလေးတွေလိုက်လှီးနေတုန်း လက်ကိုဓါးထိသွားခဲ့တယ်။
"အား..."
ဓါးတွေကအသားကိုဆို မတိုင်းမတာရဘဲနဲ့တကယ်သေချာထိအောင်လုပ်နိုင်တာပါပဲ။ ထိသွားတဲ့ဒဏ်ရာထက် ကြက်ဥမှာသွေးတွေပေမှာသွားကို အရင်စစ်ရတယ်။ မပေဘူးဆိုတော့မှ လက်ကိုရေဆေးပြီး ပလတ်စတာကပ်ထားရင်း ကြက်ဥကိုပြန်လှီး၊ ကြက်ဥလှီးပြီးတာနဲ့ Mayonnaise နဲ့ရောနယ်ပြီး ပေါင်မုန့်မှာသုတ်ကာ မောင်ရေချိုးပြီးတာနဲ့ အဆင်သင့်စားလို့ရအောင် ပန်းကန်ပြားထဲသေချာအလှဆင်ပြီး စားပွဲပေါ်မှာ အုပ်ဆောင်းလေးအုပ်ကာထားလိုက်သည်။ ပြီးတာနဲ့မောင့်ကိုနှိုးဖို့အခန်းထဲဝင်သွားပေမဲ့ အိပ်နေတဲ့မောင့်မျက်နှာလေးကိုကြည့်ကာ မနှိုးဘဲအမောဖြေမိတယ်။
မောင်နိုးတော့ ရေချိုးခန်းထဲတွန်းပို့ပြီး ထမင်းစားစားပွဲမှာပဲထိုင်ရင်း စောင့်နေလိုက်သည်။ မနေ့ကလို အကျီထုတ်ပေးဖို့လဲမပြောချင််တော့သလို ကိုယ်ရှေ့မှာအကျီမဝတ်တတ်လို့ ထွက်သွားဖို့ပြောတာကိုလဲ ကိုယ်မခံစားနိုင်လို့ပါ။ မောင်ရောက်လာတော့
"ဒီနေ့တော့ sandwich လုပ်ထားတယ်မောင်၊ စားကြည့်ပါဦး"
မောင်ကခေါင်းငြိမ့်ရင်း sandwich ကိုတစ်ကိုက်ကိုက်ပါတယ်။
"ဘယ်လိုနေလဲမောင်၊ အဆင်ပြေရဲ့လားဟင်၊ ပေါ့နေလား၊ ဘေဘီကဘာမှမထည့်ထားလို့လေ"
မောင်ဖြေတာကိုစောင့်နေတဲ့ကိုယ်က မျှော်လင့်တကြီးနဲ့ပါပဲ။
"အင်း၊ ပြေပါတယ်"
ရိုးရိုးရှင်းရှင်းအဖြေလေးဆိုပေမဲ့ ကိုယ်မျှော်လင့်မိတာ ကိုယ်ပဲသိတာမို့
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...