မောင့်စီက ဗိုက်အောင့်နေလို့ဆိုတဲ့ စကားကြားချိန် မောင်နဲ့ပတ်သက်ရင် ပုံမှန်ထပ်လွန်ကဲတဲ့ အပြုအမူတွေပဲပြုမူတတ်တဲ့ကိုယ်ဟာ ချက်ချင်းထိုင်ရာက ထလို့ မောင့်ဘေးနားအရောက်သွားရင်း
"ဘာလို့ဗိုက်အောင့်တာလဲ၊ မောင်...ဘာမတည့်တာစားမိလို့လဲ၊ အရမ်းအောင့်နေတာလား၊ ဘယ်တုန်းကထဲကလဲ၊ နေမကောင်းရင်လဲ ဘေဘီ့ကိုပြောတာမဟုတ်ဘူး ဒီနေ့မလာဘဲနေလိုက်မှာပေါ့"
"ဖြေးဖြေးတစ်ခုချင်းမေးပါ ဘေဘီရယ်၊ မောင့်ဘေဘီလေး မောနေပါ့မယ်၊ ဗိုက်အောင့်တာတခြားကြောင့်မဟုတ်ပါဘူးဟိုဟာကြောင့်ပါ၊လတိုင်းဖြစ်နေကြပဲမို့ ဘေဘီ့ကိုမပြောမိတာပါ၊ မောင်ပြောလိုက်လို့ ဘေဘီမလာရင် မောင်မြင်ချင်တဲ့ ဘေဘီ့မျက်နှာလေးကို မတွေ့ရဘဲနေမှာပေါ့၊ အာ့ကြောင့်မပြောတာပါ"
"ဒီနေ့မတွေ့ရလဲ နောက်နေ့တွေ့ရမှာပဲကို...မောင်ဟာလေ သိပ်ဆိုးတာပဲ၊ ဘေဘီဘယ်လောက်စိတ်ပူသွားလဲသိလား၊ စမြင်ကထဲက မျက်နှာမကောင်းတာသိပေမဲ့ မမေးဖြစ်တာ ဘေဘီလိုသွားတာ"
"မဟုတ်တာ ဘေဘီရယ်၊ မောင်သက်သာပါတယ်၊ အရမ်းမစိုးရိမ်ပါနဲ့၊ ဘေဘီအနားမှာရှိနေတာမို့ ခဏနေမောင်သက်သာသွားမှာပါ"
"အိမ်မှာ ရေနွေးအိတ်ရှိတယ်မလားဟင်၊ အန်တီဖြူဆီမှာ ဘေဘီသွားတောင်းပေးမယ်၊ မောင်က ခဏလှဲနေလိုက်နော်၊ ခဏပဲ ဘေဘီပြန်လာခဲ့မယ်"
ကလေးကိုစိတ်ပူနေတဲ့ မိခင်တယောက်လို ကိုယ်ဟာအပူတပိုင်းနဲ့ အန်တီဖြူဆီသွားလို့ ရေနွေးအိတ်တောင်းခဲ့ပါတယ်၊ အရမ်းစိတ်ပူနေတဲ့ ကိုယ့်ပုံစံကြောင့် အန်တီဖြူကတောင် လှေကားဖြေးဖြေးတက်ဖို့ ပြောခဲ့ပေမဲ့ မောင်နာကျင်နေရတာကိုမကြည့်ရက်တဲ့ကိုယ်ဟာ ဘာကိုမှ အာရုံမရခဲ့တာ အမှန်ပါ မောင်...
လှေကားမှာခလုတ်တိုက်ခဲ့တာတောင် နာရမှန်းမသိလောက်အောင် ကိုယ်ဟာမောင့်ဇောပဲကပ်နေခဲ့ပါတယ်။ မောင့်အခန်းထဲရောက်တော့ ကုတင်ပေါ်မှာလှဲနေတဲ့ မောင့်မျက်နှာဖြူလျော့လျော့လေးကိုမြင်ရခြင်းဟာ ကိုယ့်ကိုစိတ်မကောင်းဖြစ်စေပါတယ်။ မောင့်ကုတင်နားသွားကာ ကုတင်ဘေး ဒူးထောက်
ထိုင်ချမိရင်း
YOU ARE READING
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...