Ep 32 (Uni + Zawgyi)
115 7 2
မောင့်မွေးနေ့ပြီးတော့ မောင်နဲ့ဆယ်ရက်ကျော်သာကွာတဲ့ ကိုယ့်မွေးနေ့ကဒီအပတ်ထဲမှာပဲရောက်လာတော့မှာဖြစ်သည်။ မောင့်စီက မွေးနေ့လက်ဆောင်ထပ် ကိုယ့်မွေးနေ့မှာ မောင်ကကိုယ့်ဘေးနားတစ်နေ့လုံးရှိနေဖို့သာ မျှော်လင့်မိသည်။ ကိုယ့်မွေးနေ့မတိုင်ခင်ကထဲက ငယ်ငယ်တုန်းက သူငယ်ချင်းမလေးကအလည်လာမည်ဆိုတာကြောင့် သူငယ်ချင်းနဲ့တူတူလည်ပတ်ဖို့အတွက် အလုပ်များနေခဲ့ပါသည်။ ညဘက်တွေလဲ အိပ်တာနောက်ကျတဲ့မောင့်ကို စိုးရိမ်စိတ်နဲ့
"ဘာတွေအလုပ်ရှုပ်နေတာလဲမောင်..."
"ဘာရယ်တော့မဟုတ်ပါဘူး၊ သူငယ်ချင်းလာလည်မှာမို့လေ...သူနဲ့လည်ဖို့နေရာတွေရွေးနေတာ"
ကိုယ့်မွေးနေ့ကိုတောင် သတိရပါရဲ့လားလို့ ထုတ်မေးချင်လာတာမို့
"ဘေဘီ့ မွေးနေ့ရောက်တော့မှာကိုတော့ သတိရတယ်မလားဟင်..."
လက်တော့ပ်ပေါ်ပြေးလွှားနေတဲ့ မောင့်လက်တွေရပ်တန့်သွားကာ
"အင်း...သတိတော့ရပါတယ်၊ လိုသေးတာပဲကို" 
ဘယ်လိုလုပ်မေ့နိုင်မှာလဲဆိုတဲ့ အဖြေစကားထပ် သတိတော့ရပါတယ်ဆိုတာကြောင့်
"ဪ..."  သာပြန်ပြောမိခဲ့သည်။ သဘက်ခါရောက်တော့မည့်မွေးနေ့ကို လိုပါသေးတယ်ဆိုတော့လဲ လိုပါသေးသည်ပေါ့။ မောင့်မွေးနေ့မတိုင်ခင် ငါးလလောက်အလိုကထဲက လက်ဆောင်နဲ့စာသားကို ခေါင်းပူမတတ်စဉ်းစားခဲ့ရတာကိုပြန်တွေးမိတော့ ညိုးငယ်သွားတဲ့နှလုံးသားကို ဦးနှောက်က လှောင်ရယ်လာသည်။ ပြီးတော့ 'မှတ်ပြီလား' ဆိုတဲ့ ရွဲ့ပြောတဲ့အသံကိုပါကြားလိုက်ရသည်။
"မောင့်သူငယ်ချင်းက ဘယ်တော့လာမှာလဲ"
"သိပ်မလိုတော့ဘူး၊ လကုန်လောက်လေ"
သဘက်ခါရောက်မဲ့ကိုယ့်မွေးနေ့ထပ် လကုန်လောက်မှလာမဲ့သူငယ်ချင်းနဲ့အတူလည်ဖို့နေရာတွေကို အခုကထဲကကြိုစီစဉ်နေပါသော ချစ်ရသူကို အံ့ဩမိခဲ့သည်။ အင်းးးးအလေးပေးမှု့တွေက မတူဘူးပဲ... ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော
"ဪ..." ကိုသာ ထပ်ပြောမိခဲ့ပါသည်။
"လာဖို့လိုသေးတာကို အခုကထဲက မောင်ကကြိုပြီးအလုပ်တွေရှုပ်နေတာပေါ့... အားကျလိုက်တာ...."