"ဘုန်းခန့်တည်"
"ဟုတ်..."
"စကားခဏပြောကြမလား"
"ဟုတ်"
သူအမှားလုပ်ထားမှန်းသူ့ကိုယ်သူသိနေတဲ့ ကိုယ့်မောင်လေးဟာ တဟုတ်ဟုတ်နဲ့ပါပဲ၊ လူကြီးတွေဆူမှာကြောက်တဲ့ကလေးတွေရဲ့ အမူအကျင့်အတိုင်းပေါ့..."မေမေ့ကိုမသိစေချင်လို့အိမ်ထဲမှာမပြောချင်ဘူး၊ ဒီမှာပဲပြောရအောင်၊ ထည်ဝါ...မမတို့မောင်နှမနှစ်ယောက်ထဲ စကားပြောချင်လို့ မမအခန်းထဲမှာ ခဏစောင့်နေပေးပါလား"
"ဟုတ်..."
မောင်လှည့်ထွက်လို့ အိမ်ထဲဝင်ခါနီးမှ
"ထင်လင်းပိုင် ကို မမဖုန်းနံပါတ်နဲ့ ဒီနေ့က မမမွေးနေ့ဆိုတာ ပြောပြလိုက်တာလား"
မောင်ကတစ်ချက်လှည့်ကြည့်ပြီး အိမ်ထဲဝင်သွားခဲ့တယ်။
"ဟို..."
"အမှန်အတိုင်းပြော မကြောက်နဲ့ မမ မုန်းတာတွေကထဲကတစ်ခုက လိမ်တာမှန်းသိတယ်မလား"
"သား ပေးလိုက်တာ မဟုတ်ပါဘူး၊ သားမသိအောင် သားဖုန်းထဲက သူယူသွားတာနေမှာပါ"
"အဲ့ဒါဆို မမမွေးနေ့ကို သူသိနေတာကရော..."
"အဲ့ဒါ မနေ့ကဂိမ်းဆော့ရင်း ဒီနေ့က မမ မွေးနေ့မို့ အပြင်မသွားဘူး အိမ်မှာပဲနေမှာလို့ ပြောလိုက်မိတာပါ၊ သား တမင်ပြောတာ မဟုတ်ပါဘူး"
"အင်း...သူ မမကို ဖွင့်ပြောထားတာ သိလား"
"ဟင်...မသိပါဘူး"
"မမ ငြင်းလိုက်တယ်၊ ရည်းစားရှုပ်တဲ့အပြင် သူ့ကို မောင်လေးတစ်ယောက်လိုမြင်မိတာထပ်မပိုလို့"
"ဟုတ်"
"ရည်ရွယ်လို့ပဲဖြစ်ဖြစ်၊ မရည်ရွယ်လို့ပဲဖြစ်ဖြစ် ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေနော်...သူ မမအကြောင်းတွေသိမှာကိုမလိုချင်သလို မမကိုလာပတ်သက်မှာကိုလဲ မလိုချင်ဘူး၊ မမ ဘာကိုပြောချင်တာလဲ ဆိုတာ နားလည်တယ်မလားဟင်"
"ဟုတ်...သားသိပါပြီ"
"သိရင်ရပြီ၊ လုပ်စရာရှိတာသွားလုပ်တော့"
မောင်လေးအိမ်ထဲဝင်သွားတာကိုကြည့်ရင်း သက်ပြင်းချမိတယ်၊ ငယ်ရွယ်ချိန် စိတ်ကစားတာကို အချစ်စစ်လို့ထင်နေတဲ့ ဆယ်ကျော်သက်တွေနဲ့တော့ ခက်ပါတယ်...
VOCÊ ESTÁ LENDO
Romanceဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ ဒါဟာ မိန်းမတယောက်ရဲ့ သူနဲ့မျိုးတူမိန်းမတယောက်အပေါ်အဆုံးစွန်သော ချစ်မြတ်နိုးခြင်းတွေအကြောင်းပေါ့ မောင်ရယ်... သွင်ဦးရာ (Own Creation) S...