Ep 14 (Uni + Zawgyi)

150 12 2
                                    

"မောင်..."

ရုတ်တရက်မို့ကြောင်ပြီး ကြည့်နေမိတုန်း မောင်ကပြုံးရင်း လက်ပြတယ်။ ကိုယ်အမြင်မှားမှာစိုးလို့ တပ်ထားတဲ့ မျက်မှန်ကိုလဲ သုတ်ရင်း မျက်လုံးကိုလဲ ပွတ်ပြီး ပြန်ကြည့်တော့ တကယ်ကိုမောင်ဖြစ်နေတယ်။ မောင်က

"တံခါးမဖွင့်တော့ဘူးလား ဘေဘီ"

"အာ...ဟုတ်..."

ခြံတံခါးဖွင့်ပေးလိုက်တော့ လက်ထဲမှာမနိုင်မနင်းဖြစ်နေတဲ့ အထုတ်အပိုးပေါင်းကများစွာ...ကိုယ်ကပါ ဘာမသိညာမသိနဲ့ကူသယ်ပေးရင်း မောင်ကခြံထဲအရင်ဝင်သွားခဲ့တယ်။ အိမ်တံခါးနားရောက်မှ

"ဘေဘီ အရင်ဝင်" တဲ့...

"ဪ..ဟုတ်..." 
ဧည့်ခန်းထဲရောက်တော့

"ခဏထိုင်ဦးနော်..."

ကိုယ့်အမေက

"ဧည့်သည်လား သမီး"

"ဟုတ်...သမီး guide လုပ်ပေးနေတဲ့ ညီမလေးပါ"
မသိတဲ့လူကိုဆို စကားပြောဖို့ ကြောက်တတ်တဲ့ မောင်ဟာ ကိုယ့်အမေကို ခေါင်းငြိမ့်ပြခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်။ ဝယ်လာတဲ့ အသီးထုပ်တွေကို ကိုယ့်လက်ထဲထိုးပေးရင်း ဘာဝယ်ရမှန်းမသိလို့တဲ့...တိုးတိုးလေးကပ်ပြောတယ်၊ သူစိမ်းအိမ်ကိုအလည်သွားရင် ဘာပေးရမှန်းမသိတဲ့ ၁၆ နှစ်အရွယ်ကလေးလေးမောင်ဟာ အသီးစျေးတစ်စျေးလုံးဝယ်လာတဲ့ပုံပါပဲ၊ အဲ့လိုပုံလေးကိုပဲ ကိုယ့်မှာ အချစ်ပိုရပြန်ပါတယ်။ ကိုယ့်အမေက

"ဪ ဟုတ်လား...အေးဆေးစကားပြောကြဦးနော်"

"ဟိုအန်တီ..."   မောင့်ခေါ်သံကြောင့် ကိုယ်ရော အမေပါ မောင့်ကိုလှည့်ကြည့်မိခဲ့တယ်။

"ဒီည သမီး ဒီမှာအိပ်လို့ရမလားဟင်..."

အမေရော ကိုယ်ရော ဘာပြောရမှန်းမသိဖြစ်နေချိန် မောင်ကပဲ စကားဆက်တယ်။

"ဖေဖေကလဲ ခရီးသွားနေတယ်၊ သမီးမမကလဲ သူ့သူငယ်ချင်းအိမ်သွားအိပ်လို့ပါ"

"အန်တီဖြူနဲ့ ဦးနဲ့ကရော..." လို့ ကိုယ်မေးလိုက်တော့

"ဟို...သူတို့အမျိုးတယောက်နေမကောင်းလို့ ဆေးရုံသွားစောင့်ရမယ်တဲ့၊ အာ့ကြောင့် သမီးတယောက်ထဲမအိပ်ရဲလို့ပါ၊ သိတဲ့လူကလဲ မမ အပြင်မစဉ်းစားမိလို့"  

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Where stories live. Discover now