Ep 28 (Uni + Zawgyi)

132 9 2
                                    

ကိုယ်ကြားလိုက်ရတဲ့ မြန်မာစကားအသံကြောင့် အသံပိုင်ရှင်ကို လှည့်ကြည့်မိလိုက်တော့ ကိုယ့်ထပ်ငယ်လောက်မဲ့ ညီမလေးတစ်ယောက်ဖြစ်နေတယ်။ ကိုယ့်လိုပဲ မျက်နှာမှာ မှဲ့တွေများတဲ့ မျက်နှာလေးကို အရင်စတွေ့တယ်။ အေးနေတဲ့ရာသီဥတုကြောင့် အနွေးထည်ထူထူဝတ်ထားပေမဲ့ ကိုယ်နဲ့ ခန္ဓာကိုယ်ချင်းသိပ်မကွာလောက်မှန်းသိသာနေပါတယ်။ စကားသံနည်းနည်းဝဲဝဲနဲ့ ချစ်ဖို့ကောင်းတဲ့ အရပ်ရှည်ရှည်ကောင်မလေးကို ပြုံးပြကာ

"မြန်မာလားဟင်" လို့ ဝမ်းသာအားရမေးမိတော့ ဟုတ်...တဲ့။ ကိုယ့်မှာပျော်သွားကာ

"အာ့ဆို ဒီလိပ်စာကိုသိလားဟင်"

စာရွက်ပေါ်ချရေးထားတဲ့ မောင့်လိပ်စာကို ပြမိတော့ သူကယူကြည့်ပြီး

"ဟုတ်၊ သိပါတယ်"

"အာ့ဆို အစ်မကိုလမ်းညွှန်ပေးလို့ရမလားဟင်၊ အစ်မ လမ်းမှားလာလို့" ကိုယ့်ကိုသေချာကြည့်ကာ

"အသက်ဘယ်လာက်လဲတဲ့" ကိုယ်မေးတာနဲ့မဆိုင်တဲ့မေးခွန်းကြောင့် အံ့ဩကာ

"ဟင်" လို့ပြောမိတော့

"အသက်ကိုမေးတာ"

"အစ်မ အသက်ကိုမေးတာလား"

"အင်း"

"27ထဲမှာပါ"

"ဪ...အစ်မပဲ၊ ငယ်ရက်နဲ့ လာကြောနေတယ်ထင်ပြီး ငေါက်တော့မလို့"

ကိုယ့်ထပ်အငယ်စီက ငယ်တယ်အထင်ခံရလို့ ရှက်သလိုဖြစ်သွားတာကြောင့် ခေါင်းငုံ့ရင်း ရှက်ပြုံးလေး ပြုံးမိတယ်။ ကိုယ်ခေါင်းမော့လိုက်တော့ သူက ငေးနေတာနဲ့ မျက်လုံးချင်းဆုံမိတယ်။ သူ့အကြည့်က တစ်လောကလုံးမှာကိုယ့်တစ်ယောက်ထဲကိုပဲ မြင်သလိုပေါ့။ အဲ့ညီမလေးရဲ့အကြည့်ကိုမြင်တော့ မောင့်ကိုကိုယ်လဲ အချိန်တိုင်းလိုလို အဲ့လိုပဲကြည့်ခဲ့ဖူးကြောင်း သတိရမိတယ်။ မောင့်စီက အဲ့လိုအကြည့်မျိုးအခုထိမရသေးပေမဲ့ ကိုယ်လိုချင်မိပါတယ် မောင်...

ခဏကြာတော့ အဲ့ညီမလေးမျက်နှာအရှေ့ လက်လှုပ်ပြမိတော့မှ သူကသတိဝင်လာသလိုဖြစ်ကာ

" အဟမ်း၊ ညီမနဲ့တူတူလိုက်ခဲ့နော် ညီမလဲ အဲ့နားမှာပဲ နေတာမို့"

သိပ်ချစ်ရတဲ့ အမုန်းဆုံးလူသားလေး မောင်(သိပ္ခ်စ္ရတဲ့ အမုန်းဆုံးလူသားလေး မောင်)Donde viven las historias. Descúbrelo ahora